.:: (English version) Click HERE ::.

Wednesday, November 26, 2008

Invitation from YDC Singapore


Singapore Red Cross Society က ကြီးမှူးပြုလုပ်တဲ့ 4th Youth Donor Camp 2008 ကို ပါဝင်တက်ရောက်ဖို့ RAVEN Blood Donor Club က Youth Donors ၂ ယောက် တရားဝင် ဖိတ်ကြားခြင်း ခံရပါတယ်။

ယခု လေးကြိမ်မြောက် ပြုလုပ်တဲ့ Youth Donor Camp ဟာ Regional Camp ဖြစ်ပါတယ်။ ပထမဦးဆုံး ဒေသတွင်း နိုင်ငံတွေကို ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။ ဒေသတွင်း နိုင်ငံတွေထဲက မလေးရှား၊ မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတို့မှ ကြက်ခြေနီမောင်မယ်များ၊ သွေးလှူရှင် စုဆောင်းရေးလုပ်ငန်းများ လုပ်ကိုင်နေတဲ့ သွေးလှူရှင်အဖွဲ့အစည်းများမှ လုပ်အားပေး စေတနာရှင် သွေးလှူရှင်များ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ၂ ယောက်နဲ့ RAVEN Blood Donor Club မှ ၂ ယောက် Camp ၀င်ဖို့ တရားဝင် ဖိတ်ကြားခံရပါတယ်။ ပြင်ပ သွေးလှူရှင် အဖွဲ့အစည်းအနေနဲ့ ဖိတ်ကြားခြင်းပြုတဲ့နေရာမှာ RAVEN Blood Donor Club တစ်ခုပဲ ဖိတ်ကြားခံရကြောင်း သိရှိထားရပါတယ်။

3 comments:

မသက်ဇင် said...

အလွန်မွန်မြတ်သည့် ပရဟိတ လေးပါပဲ--

Eric said...

Congratulation, my friend, အောင်နိုင်ဦး.

Ngu Wah said...

ဝေး သူငယ်ချင်းတို့ အရမ်းဂုဏ်ယူပါတယ် ငုဝါကိုမမေ့သေးဘူးဟုတ်