
ဇူလိုင်လ ၈ ရက်နေ့၊ ၂၀၁၀ ခုနှစ်မှာ ကျွန်တော်တို့ RAVEN သွေးလှူရှင်အဖွဲ့အနေနဲ့ ဒုတိယအကြိမ်မြောက် သွေးလှူဒါန်းပွဲကို ကလေးဆေးရုံနဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ ကျင်းပပါမယ်။ ကျွန်တော်တို့အဖွဲ့ကို ၂၀၀၆ ဇူလိုင်လ ၈ ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်လို့ အခုလာမယ့် ၂၀၁၀ ဇူလိုင်လ ၈ ရက်နေ့မှာဆိုရင် အဖွဲ့သက်တမ်း ၄ နှစ် ရှိပါပြီ။ အဖွဲ့သက်တမ်း ၄ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ သွေးလှူဒါန်းပွဲကို စီစဉ်ကျင်းပရခြင်းလည်း ဖြစ်သလို အခုချိန်ဟာ သွေးလွန်တုပ်ကွေးရာသီ မိုးတွင်းကာလလည်း ဖြစ်တဲ့အတွက်ကြောင့် သွေးလိုနေတဲ့ လူနာတွေ သွေး အလွယ်တကူ ချက်ချင်းအဆင်သင့် ရရှိစေလိုတဲ့ စေတနာလည်း ပါပါတယ်။ ဇူလိုင်မှာ ရွာတဲ့ မိုးတွေလိုမျိုး သွေးလိုနေတဲ့ လူနာတွေနဲ့ လူနာရှင်တွေရဲ့ သောကအပူမီးတွေကို အထိုက်အလျှောက် ငြိမ်းအေးသွားစေလိုတဲ့ မေတ္တာစေတနာတွေကြောင့် ဒီတခေါက် သွေးလှူပွဲကို ဇူလိုင်မိုးလို့ အမည်ပေးတာပါ ခင်ဗျာ။
No comments:
Post a Comment