.:: (English version) Click HERE ::.

Sunday, August 5, 2007

China gets serious

နိုင်ငံအနှံ့ AIDSရောဂါ တိုက်ဖျက်ရေးအစီအစဉ်တစ်ရပ်အနေနဲ့ တရုတ်နိုင်ငံအတွင်းရှိ ဟော်တယ်တွေ အပန်းဖြေစခန်းတွေနဲ့ အများသုံးရေချိုးကန်တွေမှာ ကွန်ဒုံးများ ဝေငှပေးရန် အမိန့်ထုတ်ထားကြောင်း တရုတ်သတင်းစာတစ်စောင်တွင် ရေးသားဖေါ်ပြထားပါတယ်။ စီးပွားရေးနှင့် ကျန်းမာရေးဝန်ကြီးဋ္ဌာနများက ထုတ်ပြန်ထားတဲ့အမိန့်မှာ AIDSကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်တွေကိုလည်း ပြသထားရမယ်လို့ ဆိုပါတယ်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာတဲ့ Zhejiang ပြည်နယ်မှာ မတ်လက ဟိုတယ်နဲ့ဘားဆိုင်တွေကို ကွန်ဒုံးများ မဝေငှပါက ဒဏ်ရိုက်သည့်စနစ် ကျင့်သုံးခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ စာရိတ္တယိုယွင်းနေသော အနောက်နိုင်ငံများရဲ့ လိင်တူဆက်ဆံသူများ၊ ပြည့်တန်ဆာများနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူများကြောင့် AIDSရောဂါ ဖြစ်ပွါးနေတာလို့ တရုတ်နိုင်ငံမှာ အရင်တုန်းက သတ်မှတ် သမုတ်ခဲ့ကြပါတယ်။ အစဉ်အလာအရတော့ ကွန်မြူနစ် တရုတ်နိုင်ငံတွင် ၎င်းအရာများ လုံးဝမရှိခဲ့ပါ။ ယခုသတိပေးချက်ဟာ နောက်ကျနေကြောင်း HIVပိုးက အများပြည်သူများကြားမှာ ပြန့်နှံ့နေပြီဖြစ်ကြောင်း ကျန်းမာရေး ပညာရှင်များက သတိပေးထားပါတယ်။ သို့သော်လည်း မျိုးဆက်ပွါးကျန်းမာရေး ပညာပေးလုပ်ငန်းများ နည်းပါးမှုနှင့် လိင်အကြောင်း ဆွေးနွေး ပြောဆိုလိုစိတ် မရှိမှုတို့ကြောင့် AIDSတိုက်ဖျက်ရေးမှာ အဟန့်အတားတစ်ခု ဖြစ်နေပါသေးတယ်။

Ref: http://www.pinknews.co.uk/news/articles/2005-5070.html မှ ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါတယ်။

No comments: