.:: (English version) Click HERE ::.

Thursday, August 2, 2007

Scientists create 'plastic' blood

သွေးကို အစားထိုးနိုင်တဲ့ အရာ မရှိသေးပါဘူး။ သွေးကို ဘယ်ဓါတ်ခွဲခန်းကမှ ထုတ်လုပ်နိုင်ခြင်း မရှိသေးပါဘူး။

ဒါပေမယ့် ၂၀၀၇ မေလမှာ အင်္ဂလန် Sheffield University က ပလတ်စတစ်သွေး (plastic blood) တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ အဲဒီ ပလတ်စတစ်သွေးက သယ်ရပြုရ လွယ်ကူပါတယ်။ ပေါ့ပါးတယ်။ သွေးအစစ်တွေလို အေးခဲထားစရာ မလိုပါဘူး။ သက်တမ်း ကြာရှည် သိမ်းထားလို့လဲ ရပါတယ်။

အဲဒီ ပလတ်စတစ်သွေးက မော်လီကျူး အလယ်ဗဟိုမှာ iron atom သံဓါတ်အမ်တမ်တွေ ပါရှိနေတဲ့ plastic molecules ပလတ်စတစ် မော်လီကျူးလေးတွေနဲ့ ပြုလုပ်ဖန်တီးထားတာပါ။ အဲဒီ မော်လီကျူးတွေက hemoglobin ဟေမိုဂလိုဗင်ဓါတ်လိုမျိုး အောက်စီဂျင်တွေကို ခန္ဓာကိုယ်အနှံ့ သယ်ဆောင်ပေးနိုင်ပါတယ်။

ဒါပေမယ့် လူရဲ့ သွေးအစစ်လို အပြည့်အ၀ ကောင်းမွန်ပြည့်စုံခြင်း မရှိသေးပါဘူး။ လိုအပ်ချက်တွေ ဓါတ်မတည့်မှုတွေ ရှိနေနိုင်ပါသေးတယ်။ အဲဒါကြောင့် အချိန်ယူပြီး စောင့်ကြည့်ရအုံးမှာပါ။

It can cause allergic-type reactions. The immune response and clearance time from the bloodstream is as yet unknown.

အဲဒီ ပညာရှင်တွေ ဖန်တီးထားတဲ့ ပလတ်စတစ်သွေး နမူနာကို လန်ဒန်က Science Museumမှာ ၂၀၀၇ မေ ၂၂ ရက်နေ့ မှာ စတင်ပြီး ပြပွဲတစ်ခုအဖြစ် ခင်းကျင်းပြသခဲ့ပါတယ်။

No comments: