.:: (English version) Click HERE ::.

Wednesday, July 25, 2007

An important message to blood donors

Please read this BEFORE you donate blood.

သင့်အနေနဲ့ သွေးလှူဒါန်းဖို့ မသင့်တော်တဲ့ အချိန်များရှိပါတယ်။

ရောဂါဖြစ်နေတဲ့သူတွေ၊ ကျန်းမာရေး မကောင်းတဲ့သူတွေ၊ အရက်သေစာ သောက်စားထားတဲ့သူတွေ၊ ဆေးဝါးကုသမှု ခံယူနေရတဲ့သူတွေ သွေးမလှူသင့်ပါဘူး။

မူးယစ်ဆေးဝါးသုံးစွဲသူတွေ၊ အထူးသဖြင့် မူးယစ်ဆေးဝါးကို အကြောထဲ ထည့်သွင်းထိုးသူ (Drug user) တွေ သွေးမလှူသင့်ပါဘူး။

လွန်ခဲ့တဲ့ သုံးပါတ်အတွင်းမှာ ဝက်သက်၊ ပါးချိတ်ရောင်၊ ရေယုံ၊ ဂျိုက်သိုး၊ ရေကျောက်ပေါက်သူများ သွေးမလှူသင့်သေးပါဘူး။

လွန်ခဲ့တဲ့ ခြောက်လ အတွင်း ခွဲစိတ်ကုသမှု ခံယူထားသူတွေ၊ လွန်ခဲ့တဲ့ ၁ နှစ် အတွင်း သွေးသွင်းကုသမှု ခံယူထားသူတွေ သွေးမလှူသင့်ပါဘူး။

လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ပဋိဇီဝဆေးဝါး (Antibiotics) သုံးစွဲထားသူတွေ၊ လွန်ခဲ့တဲ့ ၃ ရက်အတွင်း အက်စပရင်၊ အကိုက်အခဲ ပျောက်ဆေး သုံးစွဲခဲ့သူတွေ သွေးမလှူသင့်ပါဘူး။

လွန်ခဲ့တဲ့ ၇ ရက်အတွင်း ဝမ်းလျှောထားသူတွေ၊ လွန်ခဲ့တဲ့ ၃ ရက်အတွင်း သွားနှုတ်ထားတဲ့သူတွေ သွေးလှူလို့ မရပါဘူး။

လွန်ခဲ့တဲ့ ၂၁ ရက်အတွင်းမှာ ကာကွယ်ဆေး (vaccine) တစ်မျိုးမျိုး ထိုးထားတဲ့သူတွေလဲ သွေးလှူလို့ မရသေးပါဘူး။

လွန်ခဲ့တဲ့ ၃ လအတွင်း ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာသူတွေလည်း ဆေးအရင်စစ်သင့်ပါတယ်။ သွေးမလှူသင့်သေးပါဘူး။

သွေးမလှူခင် ညက အနည်းဆုံး ၆ နာရီ အိပ်ရေးဝအောင် မအိပ်ခဲ့သူတွေလည်း သွေးမလှူသင့်ပါဘူး။ သွေးပေါင် မပြည့်ရင်လည်း သွေးမလှူသင့်ပါဘူး။ ရှော့ခ်ဖြစ်တတ်ပါတယ်။

သွေးလှူရှင် အမျိုးသမီးများအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်၊ နို့ချိုတိုက်ကျွေးချိန်နဲ့ ရာသီဓမ္မတာလာစဉ်မှာ သွေးမလှူသင့်ပါဘူး။

မိမိ (သို့) မိမိ မိသားစု အထဲမှာ အသည်းရောင် အသားဝါရောဂါ (Hepatitis B and C) ဖြစ်နေရင်လည်း သွေးမလှူသင့်ပါဘူး။

လိင်အပျော်အပါးလိုက်စားသူတွေ၊ ကာလသားရောဂါ (Syphilis) ဖြစ်ဖူးသူတွေ၊ လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ ငှက်ဖျားရောဂါ (Malaria) ခံစားရဖူးသူတွေ သွေးမလှူသင့်ပါဘူး။

အိတ်ခ်ျအိုင်ဗွီပိုး ရှိသူတွေလည်း သွေးလှူလို့မရပါဘူး။ အိတ်ခ်ျအိုင်ဗွီပိုး ရှိ မရှိဆိုတာကလည်း ရောဂါပိုးဝင်ရောက်ပြီး ၆ လလောက်ကြာမှ ဓါတ်ခွဲစမ်းသပ်ကြည့်မှ သိရှိနိုင်ပါတယ်။

It is impossible to detect HIV during the window period.

ရာနှုန်းပြည့် ရောဂါပိုးကင်းစင်တဲ့ သွေးရရှိဖို့အတွက် သွေးလှူရှင်ကိုယ်တိုင် မိမိကိုယ် မိမိ မှန်မှန်ကန်ကန် ပြန်လည် ဆန်းစစ်ဖို့ အလွန်အရေးကြီးပါတယ်။

Your blood can save the life of other person.

To save lives, do not donate blood
if your behavior puts you at risk of HIV infection.

Safe blood save lives.

1 comment:

hana san said...

Thanks.
acknowledged..