.:: (English version) Click HERE ::.

Sunday, July 29, 2007

Is RH blood monkey's blood?

RH အာအိတ်ခ်ျ သွေးကို မျောက်သွေးလို့ ဘာလို့ခေါ်တာလဲဟင် ... ဆိုတာကို ဖြေရမယ်ဆိုရင်တော့ ...

မက်ကာကတ်စ်ရီးဆပ်မျောက် (Macacus Rhesus Monkey) တွေရဲ့ သွေးနီကလပ်စည်းမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ဆင်တူ ပရိုတင်းဓါတ်ပါတဲ့ လူသွေးကို RH သွေးလို့ ခေါ်ပါတယ်။

၁၉၃၇ မှာ ယုန်တွေကို Rhesus မျောက်ရဲ့ သွေးတွေကို ထိုးထည့်စမ်းသပ် ကြည့်ကြတယ်တဲ့။ ယုန်တွေထဲမှာ အဲဒီမျောက်သွေးကို ဆန့်ကျင်တဲ့ ဓါတ် (Antibody) ပေါ်လာတယ်တဲ့။ အဲဒီ အန်တီဘောဒီဓါတ်က Rhesus မျောက်သွေးကို တွေ့ရင် သွေးနီဥတွေ လုံးခဲသွားအောင် ဖျက်ဆီးပစ်တတ်တယ်။

နောက်လူသွေးထဲကို အဲဒီဓါတ်ထည့်စမ်းသပ်တော့ တချို့တချို့သော လူတွေရဲ့ သွေးကို Rhesus မျောက်သွေးလိုပဲ လုံးခဲသွားအောင် အဲဒီဓါတ်က စွမ်းပြန်တယ်။ ဒါဆို အဲဒီလူတွေရဲ့ သွေးမှာ Rhesus မျောက်သွေးထဲက ဓါတ်သဘာဝ တူတာတစ်ခုပါနေလို့ပဲ ယူဆကြတယ်။ အဲဒီ မျောက်သွေးထဲက ဓါတ်ကို RH Factor လို့ ခေါ်ကြတယ်။ ဆေးပညာမှာတော့ မျောက်သွေးလို့ မခေါ်ကြပါဘူး။ စပြီး မြန်မာလို ပြန်ဆိုရေးသားခဲ့သူရဲ့ လက်ရာပါ။
(ဒါကြောင့် မြန်မာလိုမပြန်နဲ့။ အဓိပ္ပါယ်တွေ လွဲကုန်မယ်လို့ ပြောကြတာဗျ။)

ဒါပေမယ့် အဲလိုသာတွေ့ခဲ့တာ အဲဒါ ဘာအရေးကြီးမှန်း မသိခဲ့သေးဘူး။ နောက် ၂-၃ နှစ်နေမှ အဲဒီဓါတ်ဟာ မွေးကင်းစ အသားဝါရောဂါတွေထဲက တစ်မျိုးကို ဖြစ်စေကြောင်း သိလာခဲ့ပါတယ်။

လူတွေ သွေးသွင်းကြရင် သွေးအုပ်စုတူဖို့ လိုပါတယ်။ အဲဒီ သွေးအုပ်စုခွဲတဲ့ စနစ်ကို A B O Blood Grouping လို့ ခေါ်ပါတယ်။ လူ့သွေးနီဥပေါ်မှာ သဘာဝအလျောက် ကွဲပြားနေတဲ့ ပရိုတိန်း အေတီဂျင် ၂-မျိုး ပါရှိပုံကို မူတည်ပြီး ခွဲခြားထားတာပါ။

- အေတီဂျင် အေ ပါရင် အေအုပ်စု
- အေတီဂျင် ဘီပါရင် ဘီအုပ်စု
- အေတီဂျင် အေရော ဘီရော ပါရင် အေဘီအုပ်စု
- အေတီဂျင် အေရော ဘီရော မပါရင် အိုအုပ်စု လို့ သက်မှတ်ပါတယ်။

The International Society of Blood Transfusion- ISBT အဖွဲ့မှာ အခုလောလောဆယ်အထိ အသိအမှတ်ပြုထားတဲ့ အေဘီအိုနဲ့ အာအိတ်ခ်ျ သွေးအုပ်စုတွေ အပါအ၀င် အဓိက သွေးအုပ်စုက ၂၉ ခု ရှိပါတယ်။ အေဘီအိုအုပ်စုနဲ့ အာအိတ်ခ်ျ အန်တီဂျင်တွေ အပြင် သွေးနီဆဲလ်တွေရဲ့ မျက်နှာပြင်အမြေးပါးမှာ တွေ့ရှိနေရတဲ့ အခြား သွေးအမျိုးအစား အန်တီဂျင်တွေ အများအပြား ကျန်ရှိနေပါသေးတယ်။

ဒါပေမယ့် အဲဒီ အေဘီအို မဟုတ်တဲ့ တခြားစနစ်တွေက သွေးသွင်းတာမှာ အရေးမကြီးလို့ ကျနော်တို့လည်း မသိပါဘူး။ နည်းနည်း မြည်းချင်ရင် ဒီမှာ ကြည့်ပါခင်ဗျ။
http://en.wikipedia.org/wiki/Human_blood_group_systems

သွေးသွင်းတာမှာ ဒုက္ခမပေးသော်လည်း မွေးကင်းစကာလမှာ ဒုက္ခပေးတဲ့ သွေးအုပ်စုကတော့ RH  ပါပဲ။ အဲဒီစနစ်အရ လူတွေကို ၂ အုပ်စုပဲ ခွဲပါတယ်။
  • RH protein ရှိတဲ့ လူတွေကို  RH+ (RH Positive)
  • RH protein မရှိတဲ့ လူတွေကို RH- (RH Negative)

မိဘနှစ်ပါးက Rh protein မတူရင် မွေးလာတဲ့ ကလေးကတော့ နောက်ဆက်တွဲအနေနဲ့ ကျပ်မပြည့် ခြေလက်မသန်တဲ့ ဘဝ ဖြစ်သွားတတ်ပါတယ်။

Ref: Ko Thergyi's post. Thanks, brother.

No comments: