အာရှတိုက်သားတွေက Rh+ (Rh Positive) ဖြစ်သူ ၉၉% ရှိပါတယ်။
Population | Rh(D) Neg | Rh(D) Pos | Rh(D) Neg alleles |
---|---|---|---|
European Basque | approx 35% | 65% | approx 60% |
Caucasian | 16% | 84% | 40% |
American Blacks | approx 7% | 93% | approx 26% |
Native Americans | approx 1% | 99% | approx 10% |
African descent | less 1% | over 99% | 3% |
Japanese & Chinese | less 1% | over 99% | 1% |
Ref: http://en.wikipedia.org/wiki/Rhesus_blood_group_system
မိဘနှစ်ပါးက RH Protein မတူရင် မွေးကင်းစ ကလေးဟာ အသားဝါတတ်တယ် ဆိုတဲ့အဆိုကို ရှင်းပြရရင် ကလေးတွေ အသားဝါတာဟာ မိဘနှစ်ပါးရဲ့ RH နဲ့မဆိုင်ပါဘူး။ RH တူတဲ့ မိဘနှစ်ပါးက မွေးလာတဲ့ မွေးကင်းစ ကလေးတွေလည်း အသားဝါတတ်ပါတယ်။ ကလေးက အရမ်းနုနယ်တဲ့အချိန်မှာ အသည်းကလည်း နုပါတယ်။ Hemoglobin ပုံစံပြောင်းလို့ သွေးဥပျက်တာနဲ့ အသည်းက စစ်ထုတ်တာ မမျှတဲ့အခါမှာ အသားဝါပါတယ်။
ပထမဦးဆုံး သားဦးကလေးရဲ့သွေးက (+) ဖြစ်နေပြီး မိခင်က(-) ဖြစ်နေတယ်ဆိုရင် ကလေးကို မီးဖွားစဉ်အခါမှာ ကလေးရဲ့ ပရိုတိန်းက မိခင်ဆီကို ရောက်သွားပါတယ်။ ကလေးမီးဖွားစဉ်၊ ပျက်ကျစဉ်မှာ ကလေးရဲ့ ပရိုတိန်းက ပရိုတိန်းမရှိတဲ့ မိခင်ထဲကို ရောက်သွားပါတယ်။
အဲဒီအခါမှာ မိခင်ရဲ့ ကိုယ်ခံအား immune system ကနေပြီး ဒီပရိုတိန်းတွေက ပြင်ပကပိုးမွှားတွေလို့ သတ်မှတ်ပြီးတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ မိခင်ကိုယ်ထဲမှာ ပရိုတိန်းကို ဆန့်ကျင်တဲ့ ဓါတ်တွေ (Antibody) ထုတ်လုပ်ပါတယ်။ ဒီဓါတ်တွေဟာ သားဦးမှာတုန်းက ဒုက္ခမပေးလိုက်နိုင်ပါဘူး။ သားဦးလေးက မွေးပြီးသွားတဲ့အတွက်ပါ။
ဒုတိယကလေးကို ကိုယ်ဝန်ဆောင်ချိန်မှာတော့ အဲဒီပရိုတိန်းကိုဆန့်ကျင်တဲ့ ဓါတ်တွေ (Antibody) တွေက ဒုတိယကလေးကို ဒုက္ခပေးပါတော့တယ်။ ကလေးရဲ့ သွေးနီဥတွေ ပေါက်ကွဲကုန်ပြီး Bilirubin ခေါ် အဝါရောင်ဓါတ်တမျိုးအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီအဝါတွေကို အသည်းက ဒိုင်ခံဖျက်ဆီး ချေဖျက်ရပါတယ်။ အသည်းဖျက်နိုင်တဲ့ ပမာဏထက် ကျော်လွန်နေတဲ့ အတွက် အဲဒီအဝါတွေကြောင့် ကလေးမှာ အသားဝါဖြစ်ပါတယ်။ ဒါပေမယ့် ကလေးမှာ အသည်း မရောင်ပါဘူး။ အဲဒီအဝါရောင် ဘီလီရူဘင်တွေက များလွန်းရင် ဦးနှောက်ကို ထိခိုက်တတ်ပါတယ်။ ဒါကြောင့် သွေးလဲ ကုတာတွေ လုပ်ရတတ်ပါတယ်။
ယေဘူယျအားဖြင့် ပြောရရင်တော့ Rh positive အဖေနဲ့ Rh negative အမေက ပေါက်ဖွားလာတဲ့ သားဦးလေးကလွဲလို့ ကျန်ကလေးတွေမှာ မွေးမွေးချင်းမှာ အသားဝါတတ်ပါတယ်။
ဟိုအရင်ခေတ်တွေတုန်းကတော့ ဒီလို RH မတူတဲ့ မိခင်နဲ့မီးဖွားစဉ်မှာ ဖြစ်ပေါ်တဲ့ဟာတွေကို ကုသဖို့ခက်ခဲပြီး ဆိုးရွားတဲ့ ရောဂါတစ်ခုလိုဖြစ်ခဲ့ပေမယ့် အခုခေတ်အချိန်မှာတော့ ဆေးပညာ တိုးတက် ထွန်းကားလာမှုကြောင့် မွေးကင်းစကလေးငယ်ကို ဒုက္ခဖြစ်စေတဲ့ အန္တရာယ်တွေကို ကာကွယ်ကုသမှုတွေ လုပ်လို့ရနေပါပြီ။
မိခင် ပထမကိုယ်ဝန်ဆောင်စဉ်မှာ ကလေးရဲ့သွေးကို စစ်ကြည့်ပြီး ကလေးရဲ့သွေးက RH (+) ဖြစ်နေပြီး မိခင်က RH (-) ဖြစ်နေတယ်ဆိုရင် ကိုယ်ဝန်ဆောင်စဉ် ကာလမှာ Rh immune-globulin ဆိုတဲ့ဆေးကို ၂ ကြိမ် ထိုးသွင်းပေးရပါတယ်။ ပထမအကြိမ်ကို ကိုယ်ဝန် ၂၈ ပတ်မှာ ထိုးပေးပြီး၊ ဒုတိယအကြိမ်ကို မီးဖွားပြီး ၇၂ နာရီအတွင်းမှာ ထိုးပေးရပါတယ်။ အဲဒီဆေးက မိခင်ရဲ့ ခန္ဓ္ဓာကိုယ်ထဲမှာ အန္တရာယ်ဖြစ်စေတဲ့ Rh antibody တွေ ဖြစ်လာစေခြင်းမှ ကာကွယ်ပေးတဲ့အတွက် နောက်ကိုယ်ဝန်တွေ မီးဖွားတိုင်းမှာ မွေးကင်းစကလေးကို အန္တရာယ် မဖြစ်စေနိုင်တော့ပါဘူး။ ဒီဆေးကို ကိုယ်ဝန်ပျက်ကျခြင်း၊ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ သွေးဆင်းခြင်းတို့ ဖြစ်လာရင်လည်း ထိုးပေးရပါတယ်။
တကယ်လို့ မိခင်ရဲ့ ခန္ဓာကိုယ်ထဲမှာ Rh antibody တွေသိပ်မြင့်မားနေပြီလို့ ဆရာဝန်က ဆုံးဖြတ်တဲ့အခါမှာ မွေးလာမယ့် ကလေးဟာ အန္တရာယ် ကြုံတွေ့ရတော့မှာမို့ ကလေးငယ် သန္ဓေ္ဓသားဘဝနဲ့ မိခင်ရဲ့သားအိမ်ထဲမှာ ရှိနေစဉ်အချိန်မှာ သွေးလဲကုသခြင်း ပြုလုပ်ပေးနိုင်ပြီး ကလေးရဲ့အသက်ကို ကယ်တင်နိုင်ပါတယ်။
သွေးလဲကုသခြင်းဆိုတာ ကလေးရဲ့သွေးကို သွေးနီဆဲလ် RH (-) နဲ့လဲလှယ်ပေးတာပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ကလေးရဲ့ သွေးနီဆဲလ်တွေကို တည်ငြိမ်စေပြီး ကလေးရဲ့သွေးကြောတွေထဲမှာ ရှိနေပြီးဖြစ်တဲ့ Rh antibody တွေကြောင့် ဖြစ်လာမယ့် ပျက်စီးစေမှု ၊ အန္တရာယ်ဖြစ်စေမှုတွေကို လျော့ချပေးလိုက်နိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီသွေးလဲကုသနည်းကို အောင်မြင်စွာ အသုံးပြုနေကြပါပြီ။
Ref: Ko TherGyi’s Message and MaCyberCandle's Message.
No comments:
Post a Comment