.:: (English version) Click HERE ::.
Showing posts with label Article. Show all posts
Showing posts with label Article. Show all posts

Thursday, June 10, 2010

New Blood for the World

မေ ၂၀၀၅ ခုနှစ်မှာ Switzerland နိုင်ငံ Geneva တွင် ကျင်းပခဲ့သော World Health Organization (WHO) အဖွဲ့ဝင်နိုင်ငံ ၁၉၂ နိုင်ငံ ပါဝင်ဆွေးနွေးသည့် (၅၈) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံမှ စတင်ကာ မိမိစေတနာအလျှောက် သွေးလှူဒါန်းခြင်းနှင့် သွေးလှူဒါန်းမှု တိုးတက်များပြားလာစေဖို့ရာ အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်နှစ်တိုင်း၏ ဇွန်လ ၁၄ ရက်နေ့ကို ကမ္ဘာ့သွေးလှူရှင်များနေ့ဟု သတ်မှတ် ကြေငြာခဲ့ပါသည်။ ထိုနေ့သည် ABO သွေးအုပ်စုစနစ်ကို ရှာဖွေတွေ့ရှိခဲ့သော "Karl Landsteiner"၏မွေးနေ့လည်း ဖြစ်ပေသည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ လူသားများအား သွေးလှူဒါန်းခြင်းဧ။် အကျိုးရှိ အရေးပါပုံကို သတိထားမိစေပြီး၊ သွေးလှူရှင်များကိုလည်း ပုံမှန်လှူဒါန်းပေးနိုင်သော အမြဲတမ်းသွေးလှူရှင်များဖြစ်စေရန် တိုက်တွန်းပေးသည်သာမက မည်သည့်အကျိုးအမြတ်ကိုမျှ မမျှော်ကိုးပဲ သွေးလှူဒါန်းပေးသော သွေးလှူရှင်များအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုပေးသော နေ့တစ်နေ့ပင် ဖြစ်ပါသည်။

ယနေ့ကမ္ဘာပေါ်တွင် လူဦးရေတိုးပွားလာသည်နှင့်အမျှ ရောဂါမျိုးစုံ၊ ကပ်ဘေးမျိုးစုံကိုလည်း တစတစ တိုးပွားလာသောကြောင့် ရောဂါဘေးဒုက္ခကို လူသားများစွာတို့က ခံစားနေကြရပါသည်။ ဆုံးရှုံးမှုများကြောင့် ၀မ်းနည်းနင့်သီးစွာ ငိုကျွေးနေကြသော မျက်ဝန်းများ၊ ဒုက္ခပင်လယ်ထဲ စိတ်သောက ရောက်နေကြရသော ရောဝေဒနာသည်တို့မှာလည်း အမြောက်အများပင်။ ၀မ်းမြောက်ဖွယ်ရာတစ်ခုမှာ ထိုဝေဒနာရှင်များအတွက် စာနာကူညီ ထောက်ပံ့ပေးနေကြသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များလည်း များစွာပေါ်ထွက်လာကြခြင်းပင်ဖြစ်ပါသည်။ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသဖြင့် အမျိုးမျိုး စောင့်ရှောက်ကူညီပေးကြရာတွင် သွေးလှူဒါန်းခြင်းကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုတွင် အရေးကြီးသော အစိတ်အပိုင်းကြီးတစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်နေကြပါသည်။

ရောဂါအမျိုးအစားပေါင်းများစွာအတွက် သွေးသွင်းကုသရန် လိုအပ်သလို၊ မည်သည့်အကြောင်းဖြင့်မဆို ခန္ဓာကိုယ် ထိခိုက်ဒါဏ်ရာရရှိပြီး သွေးထွက်လွန်ခြင်း၊ ခွဲစိတ်ကုသချိန်တွင် ထွက်သွားသော သွေးပမာဏကို ပြန်လည်အစားထိုး ဖြည့်ဆည်းခြင်း စသည်တို့တွင်လည်း သွေးသည် အရေးကြီးသော ကဏ္ဍတစ်ခုအဖြစ် ရပ်တည်နေပါသည်။ သွေးနေရာတွင် အစားထိုးပေးနိုင်သောပစ္စည်းမှာ ယနေ့ထက်ထိတိုင် ပေါ်ထွန်းမလာသေးသည် မဟုတ်ပါလော။ သွေးကိုအစားထိုးနိုင်သောအရာ မရှိသေးသောကြောင့် လိုအပ်သောသွေးကိုသာ မရခဲ့ပါလျှင် ဆုံးရှုံးစရာ များစွာဖြစ်လာနိုင်ပါသည်။ တနည်းအားဖြင့် သွေးလှူရှင်များမရှိပါက ယခုထက်မက အသက်များဆုံးရှုံးကြဖို့ရာ ရှိနေပါတော့သည်။

သွေးလှူဒါန်းခြင်းမှာ မိမိစိတ်စေတနာ အလျောက် အရှုံးအမြတ် မတွက်ချက်ပဲ မိမိခန္ဓာအစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သော သွေးဖြင့် ရောဂါဝေဒနာသည်တို့ ခန္ဓာချမ်းသာ တစုံတရာပေးနိုင်ရန် လှူဒါန်းခြင်းကြောင့် အလွန်ပင် မွန်မြတ်လှသော အသက်ကယ် အလှူတစ်ခုပင်ဖြစ်သည်။ ထို့အပြင် သွေးလှူဒါန်းခြင်းမှာ ငွေကြေးချမ်းသာကြွယ်ဝမှု၊ ဂုဏ်ပကာသနတို့နှင့် လားလားမျှ မသက်ဆိုင်သောကြောင့် ဆင်းရဲ၊ ချမ်းသာမရွေး၊ ရာထူးကြီးငယ်မရွေး လှူဒါန်းပေးနိုင်သော မြတ်သော အလှူတစ်ခုပင်ဖြစ်သည်။ သို့သော် သွေးလှူဒါန်းရန်သင့်သော ကျန်းမာရေးသတ်မှတ်ချက်များနှင့် ပြည့်စုံရန်တော့ လိုအပ်ပေသည်။


သွေးလှူရှင်များအနေဖြင့်လည်း မိမိကျန်းမာမှသာ သူတပါးအသက်ကို ကယ်တင်နိုင်မည်ဖြစ်သဖြင့် ကျန်းမာအောင် ကျင့်ကြံ နေထိုင်ကြရသည့်အပြင်၊ သွေးလှူဒါန်းရန် အချိန်လည်း ပေးရပါသေးသည်။ သွေးလှူဒါန်းခြင်းကြောင့် အနည်းနှင့်အများတော့ ပင်ပန်းကြမည်မှာ အမှန်ပင်။ သို့သော်လည်း သွေးလှူရှင်များမှာ မိမိခန္ဓာပင်ပန်းခြင်းကို ဂရုမပြုကြပဲ မိမိသွေးဖြင့် သူတပါး အသက်ကိုကယ်တင်ရန် စိတ်စောကြသည်မို့ သွေးလှူပြီးတိုင်း ပီတိများနှင့် အားပြန်ပြည့်နေကြစမြဲပင်ဖြစ်သည်။

ကမ္ဘာပေါ်တွင် ယနေ့ထက်ထိတိုင် သွေးလိုအပ်မှု (demand) နှင့် သွေးအထောက်အပံ့ရရှိမှု (supply) အချိုးချကြည့်ပါက မညီမျှသေးပေ။ သွေးလိုအပ်မှုပမာဏသည် သွေးရရှိသည့်ပမာဏထက် အမြဲတမ်းပင် သာ၍များနေသည်ကိုတွေ့ရပါသည်။ ထို့ကြောင့် သွေးလှူရှင်များ ပုံမှန်သွေးလှူဒါန်းနိုင်ရန်နှင့် ရာနှုန်းပြည့် မိမိစေတနာအလျောက် လှူဒါန်းပေးသော သွေးသန့်အလှူရှင်အသစ်များ ပေါ်ထွက်လာရေးကို ဦးစားပေးဆောင်ရွက်ဖို့ရန်မှာ လွန်စွာအရေးကြီးပါသည်။

သို့သော် သွေးလိုအပ်ချက်များသော အကျိုးဆက်များအနေနှင့် သွေးလှူရှင်များပေါ်ထွန်းလာရုံသာမကပဲ သွေးကိုငွေကြေးနှင့် လဲလှယ်ပေးသော သွေးရောင်းသူများ၊ သွေးပွဲစားများလည်းရှိကြပါသည်။ အကယ်၍သာ သွေးလှူဒါန်းသူများ အရေအတွက်များလာပါက ထိုသို့သော အနှုတ်သဘောဆောင်သည့်ကိစ္စများလည်း အလိုလိုပင် ပျောက်ကွယ်သွားမည်မှာ ဧကန်ဖြစ်ပါသည်။ အချို့သော တိုးတက်ဆဲတိုင်းပြည်များတွင်လည်း သွေးကို ငွေနှင့်ဝယ်ယူရသည့်ကိစ္စရပ်များလည်း ရှိနေကြပါသေးသည်။

၂၀၁၀ ခုနှစ် ကမ္ဘာ့သွေးလှူဒါန်းခြင်းဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုအနေနှင့် "New Blood for the World"ဟူသော ဆောင်ပုဒ်ဖြင့် သွေးလှူရှင် လူငယ်များကို ဦးတည်ထားရည်ရွယ်၍ ၄င်းမှတဆင့် မျိုးဆက်သစ်သွေးလှူရှင်များ ပေါ်ထွန်းလာရေးနှင့် မည်သည့်အချိန်၊ မည်သည့်နေရာမှာမဆို သန့်ရှင်းစိတ်ချရဆုံးသော သွေးကို အဆင်သင့်ရရှိနိုင်စေရန် မိမိစိတ်စေတနာအလျှောက် အကျိုးအမြတ်မကြည့်ပဲ လာရောက်လှူဒါန်း အသက်ကယ်နိုင်ကြစေရန် တိုက်တွန်းပေးနိုင်မည်ဟု မျှော်လင့်ရပါသည်။

ထို့ကြောင့် ၁၄ ရက်နေ့ ဇွန်လတွင်ကျရောက်သော ကမ္ဘာ့သွေးလှူရှင်များနေ့တွင် ကမ္ဘာတ၀ှမ်းလုံးရှိ သွေးလှူရှင်များကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုရင်း၊ သင်သည်လည်း လူသားများအသက်ကယ်တင်နိုင်သော မည်သည့်အကျိုးအမြတ်ကိုမျှ မမျှော်ကိုးသော စေတနာရှင်သွေးသန့်အလှူရှင်တစ်ဦးအဖြစ် ပါဝင်ဆင်နွဲနိုင်ပါစေဟု ဆန္ဒပြုပါရစေလားဗျာ။

လူလွမ်း (RAVEN BDC)

(ref: wbdd website)

Thursday, September 10, 2009

Myths about blood donation

သွေးလှူတာနဲ့ ပတ်သက်ပြီး အယူအဆအမှားတွေ အတွေးအမှားတွေ အများကြီး ကြုံဖူးကြားဖူးခဲ့ပါတယ်။ ကျွန်တော့်မှာလည်း အတွေးမှား အမြင်မှားတွေ ဟိုတချိန်တုန်းက ရှိခဲ့ဖူးပါတယ်။ အဲဒီလို အယူအဆအမှား အမြင်အမှားတွေကြောင့် သွေးလှူနိုင်ရဲ့သားနဲ့ သွေးမလှူဖြစ်တဲ့လူတွေ အများကြီးပါပဲ။ မွန်မြတ်ဖြူစင်လှတဲ့ လှူဒါန်းမှုတစ်ခုကို လူတွေက လုပ်ချင်ပေမယ့် ဘယ်လိုအချက်တွေက တားဆီးထားသလဲ။

၁။ သွေးလှူပြီးရင် ၀ လာမယ်။
တကယ်တော့ သွေးလှူတာကြောင့် ခန္ဓာကိုယ်အလေးချိန် တိုးလာပြီး ၀ လာတာမျိုး မရှိပါဘူး။ အသားအရည် စိုပြေပြီး အလှတိုးတာပဲ ရှိပါတယ်။ သွေးလှူထားတာကြောင့် အားပြန်ဖြည့်ဖို့ဆိုပြီး ပုံမှန် စားသောက်တာထက် ပိုပြီး စားဖို့သောက်ဖို့လည်း မလိုပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်းပဲ စားသောက်နေထိုင်ပါ။ အဲဒီလိုဆို အရင်ကထက် ပိုပြီး ၀ လာစရာ မရှိပါဘူး။

၂။ သွေးလှူတာကြောင့် ရောဂါကူးမယ်။
တကယ်တော့ သွေးဖောက်ယူတဲ့နေရာမှာ အသုံးပြုတဲ့ အပ်တွေ၊ သွေးအိတ်တွေ၊ ပစ္စည်းကိရိယာတွေဟာ သန့်ရှင်းပါတယ်။ သွေးဖောက်တဲ့အခါမှာ တစ်ခါသုံးအပ်တွေကို သုံးထားပါတယ်။ သွေးဖောက်ပေးတဲ့ သူနာပြုတွေကလည်း တစ်ခါသုံး လက်အိတ်တွေကို အသုံးပြုပါတယ်။ အစအဆုံး စနစ်တကျ ရှိလှတဲ့အတွက် သွေးလှူရှင်တွေအနေနဲ့ ရောဂါပိုး ကူးစက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

၃။ သွေးလှူပြီးရင် ကျန်းမာရေး ထိခိုက်မယ်။
တကယ်တော့ သွေးမလှူခင်မှာတင် ဆရာဝန်က သွေးလှူရှင်ရဲ့ ကျန်းမာရေးကို အရင်စစ်ဆေးပေးပါတယ်။ သွေးလှူဒါန်းဖို့ သင့် မသင့်ကို ဆုံးဖြတ်ပေးပါတယ်။ ကျန်းမာရေး ကောင်းမွန်မှ သွေးပေးလှူတာပါ။ ဒါပေမယ့် သွေးလှူပြီးရင်တော့ ကုတင်ပေါ်မှာ မိနစ် အနည်းငယ်လောက်တော့ အနားယူသင့်ပါတယ်။

၎။ သွေးဖောက်တဲ့အခါ အပ်ကြီးကြီးကြောင့် နာမယ်။
တကယ်တော့ နာတယ်ဆိုတာ အရမ်းနာတာ မဟုတ်ပါဘူး။ နားဖောက်တာလောက် သွားနှုတ်တာလောက် မနာပါဘူး။ ပုရွတ်ဆိတ် ကိုက်ရင်တောင် ဒီထက်ပိုနာပါတယ်။ တစ်ခုလောက် သတိရစေချင်တာက သွေးလှူဖို့ အပ်ထိုးတဲ့အချိန် နာတဲ့ နာကျင်မှုဒုက္ခက သွေးလိုနေတဲ့ လူနာရဲ့ သွေးမရရင် ခံစားရမယ့် နာကျင်မှုဒုက္ခနဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်ဘူး ဆိုတာပါပဲ။

၅။ သွေးလှူရတာ အချိန်ကုန်မယ်။
တကယ်တော့ သွေးလှူတာ အစအဆုံးက အလွန်ဆုံး တစ်နာရီ ပတ်ဝန်းကျင်ပဲ ကြာပါတယ်။ အဲဒီ တစ်နာရီမှာ လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်ရတာတွေ၊ မေးခွန်းတွေ ဖြေရတာတွေ၊ ကျန်းမာရေး စစ်ဆေးမှု ခံယူရတာတွေက အချိန်အများဆုံး ယူသွားပါတယ်။ သွေးလှူတဲ့အချိန်က ၁၀မိနစ် ပတ်ဝန်းကျင်ပဲ ရှိပါတယ်။

၆။ သွေးလှူတဲ့အခါ သွေးအများကြီး ဖောက်ယူခံရမယ်။
တကယ်တော့ သွေးအများကြီး ဖောက်မယူပါဘူး။ သွေးလှူရှင်ရဲ့ ကိုယ်အလေးချိန်အပေါ် မူတည်ပြီး ၄၀၀ မီလီလီတာကနေ ၄၅၀ မီလီလီတာကြားပဲ ယူပါတယ်။ အဲဒီထုတ်ယူလိုက်တဲ့ သွေးပမာဏကို ခန္ဓာကိုယ်က အချိန်ပိုင်းအတွင်း ပြန်လည် ဖြည့်ဆည်းပေးပါတယ်။

၇။ ကျွန်တော် သွေးလှူဖို့ မလိုဘူး။ သွေးလှူရှင်တွေက အများကြီးပဲလေ။
တကယ်တော့ လူနာတွေအတွက် သွေးလှူရှင် လိုနေပါတယ်။ သွေးလှူလို့ရနိုင်တဲ့ လူဦးရေ စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းကပဲ သွေးလှူနေကြတာပါ။ မြန်မာနိုင်ငံမှာဆို ဒီထက်နည်းပါတယ်။ သွေးကို အစားထိုးဖို့အရာ မပေါ်သေးပါဘူး။ သက်ရှိလူသားဆီကပဲ ရနိုင်တဲ့အတွက် သွေးလှူရှင်တွေ အများကြီး လိုနေပါတယ်။

၈။ သွေးဆိုတာ အကြာကြီး အထားခံတယ်။ တစ်ခါ လှူပြီးရင် လုံလောက်တယ်။
တကယ်တော့ အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ သိမ်းထားလို့ရပါတယ်။ သွေးနီဥကို သာမာန် အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်နိုင်ပါတယ်။ သွေးဥမွှားကတော့ ၅ ရက်ပဲ အထားခံပါတယ်။ အဲဒီလို အထားခံပေမယ့် လူနာတွေရဲ့ သွေးလိုအပ်ချက်က များလွန်းတဲ့အတွက် လှူထားတဲ့သွေးတွေ သွေးဘဏ်မှာ အဲဒီလောက်တောင် ကြာကြာမထားလိုက်ရပဲ လူနာတွေဆီကို သွေးသွင်းကုသပေးလိုက်ရတာ များပါတယ်။ ဒါကြောင့် သွေးဘဏ်မှာ သွေးအိတ်တစ်ခုကို အကြာကြီး မမြင်ရပါဘူး။

၉။ ဘာသာတရားကြောင့် သွေးလှူလို့မရဘူး။
တကယ်တော့ ကိုးကွယ်တဲ့ ဘာသာတရားတိုင်းလိုလို ကုသိုလ်ဒါနပြုမှုကို အားပေးချီးမြှောက်ထားပါတယ်။ သွေးလှူတယ်ဆိုတာ ထပ်ခါတလဲလဲ ပြုလုပ်လို့ရတဲ့ မွန်မြတ်ဖြုစင် ဇီဝတဒါန လှူဒါန်းမှုတစ်ခုပါ။

အခုပြောသွားတဲ့ အချက်တွေကြောင့် သွေးမလှူဖြစ်ခဲ့တာပါဆိုရင် နောက်ရက်တွေက စပြီး လူ့အသက်တွေကို ကယ်ဖို့အတွက် ဒီစာကို တစ်ခါလောက် အစအဆုံး ပြန်ဖတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

Wednesday, September 9, 2009

Blood facts in general

သွေးကို အစားထိုးလို့ရတဲ့အရာ မပေါ်သေးပါဘူး။

သွေးဟာ လူ့ကိုယ်ခန္ဓာအလေးချိန်ရဲ့ ခုနစ်ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

သွေးဟာ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို သယ်ဆောင်ပေးပါတယ်။

သွေးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အညစ်အကြေးဓါတ်များကို စွန့်ထုတ်ဖျက်ဆီးစေဖို့အတွက် အဆုတ်၊ ကျောက်ကပ်နဲ့ အသည်းတွေဆီကို သယ်ဆောင်ပေးသွားပြန်တယ်။

သွေးဟာ ရောဂါတွေကို တိုက်ထုတ်ပေးပြီး ဒဏ်ရာတွေ အနာတွေ ကျက်စေဖို့ ကူညီပေးသေးတယ်။

အေ၊ဘီ၊ အေဘီ၊ အို ဆိုပြီးတော့ အဓိက သွေးအမျိုးအစားအုပ်စုကြီး လေးခုရှိပါတယ်။

သွေးအမျိုးအစားတိုင်းမှာ မျောက်သွေးလို့ခေါ်တဲ့ RH အပေါင်း အနုတ် ဆိုတာလည်း ရှိပြန်သေးတယ်။

သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်ဆိုပြီး အဓိက ၄ မျိုး ပေါင်းစပ်ပါဝင်နေတယ်။

သွေးဖြူဥဟာ သွေးဆဲလ်ထဲမှာ အကြီးဆုံးပါပဲ။ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့ တာဝန်ယူပေးထားပါတယ်။ သွေးဖြူဥတွေရဲ့ သက်တမ်းဟာ တိုလွန်းလှပါတယ်။ ရက်အနည်းငယ် ဒါမှမဟုတ် တစ်ပတ်လောက်ပဲ သက်တမ်းရှိပါတယ်။ သွေးစက်လေးတစ်စက်မှာ သွေးဖြူဥဆဲလ်ပေါင်း ခုနစ်ထောင်ကနေ နှစ်သောင်းခွဲအထိ ရှိတတ်ပါတယ်။ ကိုယ်ထဲကို ၀င်လာတဲ့ ရောဂါပိုးက ပြန်လည်ခုခံတယ်ဆိုရင် သွေးဖြူဥဆဲလ် အရေအတွက် ဒီထက်မက များပြားလာတတ်ပါတယ်။

သွေးနီဥဟာ သွေးပမာဏရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို အဓိက သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေကို အဆုတ်ကို ပြန်လည် သယ်ယူပေးပြန်တယ်။

သွေးဥမွှားက အသေးငယ်ဆုံး သွေးဆဲလ်လေးတွေပါ။ သွေးပမာဏရဲ့ ၅ ရာခိုင်နှုန်းက ၇ ရာခိုင်နှုန်းအထိဟာ သွေးဥမွှားလေးတွေပါ။ သွေးဥမွှားတွေက ဒဏ်ရာ အနာတရဖြစ်တဲ့အခါမှာ သွေးခဲစေပြီး သွေးယိုထွက်ခြင်းကို လျှော့ချပေးပါတယ်။

သွေးရည်ကြည်က စေးကပ်ကပ်ရှိလှတဲ့ အ၀ါရောင်ဖျော့ဖျော့ အရည်လေးပါ။ သွေးပမာဏ စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းဟာ သွေးရည်ကြည်တွေပါ။ သွေးရည်ကြည်ထဲမှာ ရေဓါတ်၊ ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေ ပေါင်းစပ် ပါဝင်နေပါတယ်။ သွေးရည်ကြည်ရဲ့ ၉၅ ရာခိုင်နှုန်းက ရေတွေပါ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းက ဟိုမုန်းဓါတ်တွေ၊ ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေပေါ့။

သွေးနီဥဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရက်ပေါင်း ၁၂၀ အထိ သက်တမ်းရှိပါတယ်။

သွေးနီဥကို သာမာန်အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်ထားလို့ရပါတယ်။

အေးခဲထားတဲ့ သွေးနီဥတွေဆိုရင် ၁၀ နှစ်နဲ့ အထက် သိမ်းထားလို့ရပါတယ်။

သွေးဥမွှားကတော့ ၅ ရက်အတွင်း အသုံးပြုရပါတယ်။

သွေးဥမွှားကို သွေးကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့ သွေးသွင်းကုသမှုမှာ အသုံးပြုပါတယ်။

သွေးရည်ကြည်ဟာ သွေးပေါင်ချိန်ကို ထိန်းတဲ့နေရာမှာ ကူညီပေးပါတယ်။ သွေးဆဲလ်တွေ၊ ဟိုမုန်းဓါတ်တွေ၊ အင်ဇိုင်းတွေကိုလည်း သယ်ဆောင်ပေးပါတယ်။ သွေးခဲစေဖို့အတွက်နဲ့ ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်ကိုလည်း သယ်ဆောင်ပေးပါတယ်။

အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ ထားလို့ရပါတယ်။

လူရဲ့သွေးထဲမှာ ပါဝင်တဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်တွေကို ရိုးတွင်းခြင်ဆီကနေ သဘာဝအလျှောက် ထုတ်လုပ်ပေးတာပါ။

Wednesday, June 4, 2008

Paternity Determination

မိဘနှစ်ပါးရဲ့ သွေးအုပ်စုက မွေးလာမယ့် ကလေးရဲ့ သွေးအုပ်စုအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ မိဘတိုင်း ကိုယ့်သားသမီးရဲ့ ဖြစ်နိုင်ချေရှိတဲ့ သွေးအုပ်စုကို မမွေးခင်ကတည်းက သိချင်ကြမှာပါ။ သွေးအုပ်စု အေဘီအိုတွေဟာ သေချာမသိရင် နားမလည်ထားရင် အတော်လေးကို ရှုပ်ထွေးပါတယ်။ ဘာကြောင့်လဲဆိုတော့ အိုအန်တီဂျင် (O antigen) ကြောင့်ပါ။ လူတစ်ယောက်ရဲ့ သွေးက အေ ဆိုပေမယ့် တကယ်တမ်းကျတော့ သူရဲ့သွေးမှာ အေအန်တီဂျင်အပြင် အိုအန်တီဂျင်ပါ ပါရှိနိုင်တဲ့အတွက် အေအေ သို့မဟုတ် အေအို Genotype ဖြစ်နေတတ်ပါတယ်။ အဲဒီလိုပဲ ဘီသွေးအုပ်စု ပိုင်ရှင်ဖြစ်ပေမယ့် သူဟာ ဘီဘီ သို့မဟုတ် ဘီအို Genotype ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ မှတ်ပုံတင်မှာ သွေးအုပ်စုကို အေလို့ ရေးပေမယ့် တကယ်တမ်း သွေးအုပ်စုက အေအို ဖြစ်နေနိုင်ပါတယ်။ ဒါမျိုးလေးပေါ့...

Genotype
(DNA)
Blood
Type
AO or AA A blood type
AB AB blood type
BO or BB B blood type
OO O blood type

အဖေနဲ့ အမေ ဟာ အေသွေးအုပ်စုဖြစ်နေပြီး မွေးလာတဲ့ ကလေးဟာ အိုသွေး ဖြစ်နေတတ်တာ ဘာကြောင့်လဲဆိုတော့ အဖေနဲ့ အမေရဲ့ Genotype ဟာ တကယ်တော့ အေအို အမျိုးအစား ဖြစ်နေလို့ပါပဲ။ အိုသွေးအမျိုးအစား အဖေနဲ့ အမေမှာ ရလာမယ့် ကလေးကတော့ အိုသွေးပဲ ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အိုသွေးမှာ Genotype အေတွေ ဘီတွေ လုံးဝ မပါလို့ပါပဲ။

အောက်မှာ ဖော်ပြထားတဲ့ ပုံလေးကတော့ အဖေနဲ့ အမေရဲ့ သွေးအုပ်စုပေါ် မူတည်ပြီး သားသမီးမှာ ဖြစ်လာနိုင်တဲ့ သွေးအုပ်စုကို ဖော်ပြပေးထားပါတယ်။
The ABO blood type of the child when the blood type of
the father and the mother are known (top chart)


The ABO blood type of the father if the blood type of
the child and the mother are known (bottom chart).

အပေါ်က ပုံလေးကတော့ အမေနဲ့ ကလေးရဲ့ သွေးအုပ်စုပေါ် အခြေခံပြီး ကလေးအဖေရဲ့ သွေးအုပ်စုက ဘာဖြစ်နိုင်သလဲ ဆိုတာကို ကြည့်လို့ရတဲ့ ဇယားလေးပါပဲ။

မိခင်၊ ဖခင်တို့ရဲ့ သွေးအုပ်စုနဲ့ ဖြစ်နိုင်ချေရှိတဲ့ သားသမီးရဲ့သွေးအုပ်စု အကြောင်းကတော့ ဒီလောက်ပါပဲ ခင်ဗျာ။

Tuesday, May 27, 2008

Not just one time donation

တခဏတာ မဟုတ်တဲ့ အလှု

နားဂစ်(စ်)မုန်တိုင်းကြောင့် ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ အခုဆို မြန်မာပြည်မှာ လူပေါင်း ၂သန်း လေးသိန်းနီးပါး အိုးအိမ်မဲ့ စားဝတ်နေရေးမဲ့ အခြေအနေမဲ့ ဖြစ်နေကြရပါပြီ။ ဒီတော့ ဒီလူသန်းချီပြီးတော့ အစားအစာမဲ့ အိမ်မဲ့ ဖြစ်နေကြတာဟာ တခဏတာ လှုလိုက်တဲ့ အလှုနဲ့ သူတို့ တနှစ်စာ စားနိုင် သောက်နိုင် သွားနိုင်ပါမလား။ နောက်ဆုံး ကျနော်သိရသလောက် စင်္ကာပူမှာဆိုရင် လမ်းပြကြယ်စာကြည့်တိုက်နဲ့ အစုအဖွဲ့များက ဒေါ်လာ တစ်သိန်းလေးသောင်းသုံးထောင့်ခုနစ်ရာလေးဆယ့်တစ်ကျပ်နဲ့ ပြား ၆၀ ကောက်ခံရရှိခဲ့ပြီး ဒေါ်လာ ၉ သောင်း ဖိုး မြန်ပြည်တွင်းမှ ဒုက္ခသည်များအား ကိုယ်တိုင်ကိုယ်ကျ လှုဒါန်းနိုင်ခဲ့ပါတယ်။ ဒါဟာ အင်မတန်ကောင်းမွန်တဲ့ ရလဒ်ပါ။ ဒီ လမ်းပြကြယ်နဲ့ အစုအဖွဲ့များအပြင် တခြား တသီးပုဂ္ဂလ ကောက်ခံနေသူများနဲ့ အာအိုင်တီ စင်္ကာပူ၊ မြန်မာကလပ် စသဖြင့် ရှိကြပါသေးတယ်။ သူတို့တွေတင်မက တကမ္ဘာလုံးကလဲ အလှုတွေ အလှုတွေ လေယာဉ်နဲ့ ဆိုက်ဆိုက်နေတာ နေ့တိုင်ပါပဲကလား။ ဒီလိုဆိုရင်ဖြင့် ကျနော်တို့ တခေါက်လှုရုံနဲ့ လုံလောက်ရောပေါ့နော်လို့ တွေးစရာလေးတွေ ဖြစ်လာလို့ ကျနော် တွေးမိတာလေးတွေကို ရေးမိလိုက်ပါတော့တယ်။

အခု နာဂစ်ဒဏ် ဒုက္ခသည်တွေကို ကူညီနေတာဟာ အန်ဂျီအိုတွေ၊ ယူအန်က World Food Program၊ သြစတြေးလျက World Vision လို အသင်းမျိုးတွေနဲ့ ပုဂ္ဂလိက ကူညီသူတွေဟာ အဓိကကျတဲ့ ကယ်ဆယ်ရေးတွေ ဖြစ်ကြပါတယ်။ ဒီလောက် ကယ်ဆယ်နေတဲ့ ကြားကနေ ဒုက္ခသည်တွေရဲ့ ၂၅ ရာနှုန်းလောက်သာ ရောက်သေးတာကို ကြည့်ရင်ဖြင့် အချိန်ပိုမိုကြာမြင့်အောင် လှုရဦးမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်ရဲ့ ပြောစကားအရ အခုအချိန်မှာ တကမ္ဘာလုံးဟာ ဒုက္ခသည်တိုင်းကို ကူညီဖို့ အလေးစိုက်ရမယ်လို့ ပြောပါတယ်။ အာဆီယံ ဦးဆောင်တဲ့ နိုင်ငံတကာအကူအညီတွေဟာ မြန်မာပြည်ထဲကို ဖြည်းညှင်းစွာ စိမ့်ဝင်တော့မှာ ဖြစ်ပေမဲ့ အခုလောလောဆယ် ဒုက္ခသည်တွေဟာ တနေ့ပြီးတနေ့ အငတ်ဘေးကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာကို စဉ်းစားနေရပါတယ်။ ပုတ်ပွနေတဲ့ အလောင်းတွေ ရေမျောနေတဲ့ အလောင်းတွေ ဒီလို အလောင်းကောင်တွေကို ရှင်းလင်းဖို့၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပေါက်လာဖို့ ဒါတွေဟာ အချိန်အတော်ကြာဦးမှာပါ။

ဒီတော့ ကျနော်တို့ကနေပြီး တခေါက်ပဲ အလှုကို ထည့်လိုက်တယ်ဆိုပါစို့။ ကျနော်တို့ ပေးလိုက်တဲ့ အလှုတွေအကုန်လုံးကို ရန်ကုန်က အန်ဂျီအိုတွေက လှုလိုက်ကြပြီးပြီဆိုရင် နောက်ထပ် ဒုက္ခသည်တွေရဲ့ အနာဂတ်နေ့ရက်ပေါင်းများစွာအတွက် အလှုတွေ ရှိတော့မှာ မဟုတ်ပါဘူး။ ကြည့်ပါ။ အလှုကောက်ခံသူတွေကို မေးကြည့်ပါ။ အလှုငွေ ကောက်ခံရရှိမှုဟာ တစတစ နည်းပါးလာတာကို တွေ့ရမှာ ဖြစ်သလို ကျနော်တို့တွေအနေနဲ့လဲ ကိုယ့်အပူနဲ့ ကိုယ်၊ ကိုယ့်ဘ၀နဲ့ ကိုယ် ရုန်းကန်နေကြရင်းနဲ့ ဒုက္ခသည်တွေရဲ့ ဘ၀ကို မေ့လျော့လာမှာ ဖြစ်ပါတယ်။ စဉ်းစားကြည့်ပါ။ နာဂစ်ကြောင့် အိုးအိမ်ကလဲမဲ့၊ အဓိက ပင်ရင်းဖြစ်တဲ့ အသက်မွေးဝမ်းကျောင်းလဲ မရှိတော့တဲ့အခါ ဒီ ဒုက္ခသည်တွေဟာ ဘာနဲ့ သွားပြီး စားသောက် နေထိုင်ရပါမလဲ။ သူတို့ဟာ မြို့တွေနဲ့ နီးရင် မြို့တက်လာနိုင်ရင်တောင်မှ အလုပ်အကိုင် ရှားပါးတဲ့ နေရာဒေသမှာ ဘယ်လို အလုပ်မျိုးနဲ့ အသက်မွေးနိုင်ပါမလဲ။ မြို့နဲ့ မနီးတဲ့ ကျေးလက်တွေမှာ အိမ်ကလဲ မရှိ၊ မိုးကလဲရွာ၊ ဒုက္ခသည်စခန်းဆိုတာမှာ မနေရတဲ့ သူတွေအတွက် ဘယ်လို ရှင်သန်ကြပါမလဲ။ အထူးသဖြင့် အသက် ၁၀ နှစ်ဝန်းကျင်လေးတွေ ဘယ်လို အသက်ရှင်ပါမလဲ။ ကျနော့် မိတ်ဆွေတွေ ပြောပြချက်အရ ဆယ်ကျော်သက် ကလေးငယ်တွေ၊ မိန်းကလေးတွေ ယောက်ျားလေးတွေ သူတို့ဟာ ထမင်းကျွေးမယ်ဆိုရင် ဘယ်သူခေါ်ခေါ် လိုက်မယ့် ကလေးတွေပါ။ သူတို့တွေရဲ့ ဘ၀ကို ဘယ်လို ကယ်တင်ကြမှာလဲ။

နာဂစ်ဟာ အတော်ကို ဒုက္ခကြီးပါတယ်။ သူဟာ ဧရာဝတီတစ်တိုင်းလုံးနီးပါးကို မွှေနောက်ခဲ့သူပါ။ လယ်သမားတွေအကုန်သေ၊ လယ်ကွင်းတွေပျက်၊ ငါးဖမ်းသူတွေ သေ၊ လှေတွေ ပျက်၊ အဓိကကျတဲ့ အလုပ်အကိုင်တွေ အကုန်ပျက်စီးခဲ့ပါတယ်။ ကျန်ရစ်ခဲ့သူတွေ အတွက် တနေ့တာ တနေ့ အသက်ရှင်ရေးဆိုတာ အရေးကြီးပါတယ်။ ကျနော်တို့မှ မပံ့ပိုးရင် ဘယ်သူတွေက ပံ့ပိုးမှာလဲ။ နိုင်ငံတကာရောက် တရုတ်တွေကတောင် တရုတ်ပြည်မကြီးကို အလေးထား အလှုတွေ ပေးနေတယ်ဆိုရင် ကျနော်တို့ မြန်မာတွေကရော ဘာတွေ တွေးနေကြမှာလဲ။

ကျန်ရစ်တဲ့ ဒုက္ခသည်အားလုံးကို ကျနော်တို့ ကယ်ဆယ်နိုင်ရပါမယ်။ သူတို့ကို ကယ်ဆယ်ပြီးရင် နေရာချထားရပါမယ်။ နောက် အသက်မွေးဝမ်းကျောင်းတွေ ဖန်တီးပေးရပါဦးမယ်။ ဒါတွေအကုန်လုံး ကျနော်တို့ချည်း မတတ်နိုင်ပါ။ နိုင်ငံတကာ အကူအညီ လိုပါတယ်။ အစိုးရရဲ့ ဖန်တီးပေးမှုတွေ လိုပါတယ်။ အခုလောလောဆယ် ကယ်ဆယ်ရေးကိုတောင် ပြီးဆုံးအောင် မလုပ်နိုင်သေးတဲ့အတွက် ကယ်ဆယ်ရေးတွေ မပြီးခင် အလှုငွေတွေ ပြတ်သွားမှာ စိုးရိမ်ပါတယ်။ ကယ်ဆယ်ရေးတွေ ပြီးတော့ကော အလှုတွေ ရပ်လိုက်မှာလား။ ဒါဆို နေရာချထားရေးအတွက် အန်ဂျီအိုတွေဆောက်ပေးမဲ့ အိမ်ရာ အကူအညီတွေအတွက် အလှုတွေ လိုပါတယ်။ ကယ်ဆယ်ပြီးတာနဲ့ ဒီဒုက္ခသည်တွေကို မကြည့်တော့ဘူးဆိုရင် သူတို့ကို မကယ်ဆယ်ဘဲ ပစ်ထားလိုက်တာကမှ တော်ကာကြပါဦးမယ်။ ကယ်ဆယ်ပြီးတာနဲ့ သူတို့ကို ထမင်း တနပ်လောက် ကျွေးနိုင်တယ်ပဲထား၊ ဒုက္ခသည်တွေမှာ အနာဂတ် လက်ချိုးရေလို့ ရတဲ့ နေ့ရက်တွေအတွက် ထမင်းဝတယ်ပဲထား။ သူတို့အတွက် အသက်မွေးဝမ်းကျောင်းဆိုတာ မရှိရင် သူတို့ တောင်းစားရမှာပါပဲ။ ဒီလို တောင်းစားတာတောင်မှ မတောင်းစားခိုင်းရင်တော့ အတော့်ကို မသိသား ဆိုးရွားတယ်လို့ ပြောချင်ပါတယ်။

ဒီတော့ ကျနော်တို့ မပြီးပြတ်သေးတဲ့ ကယ်ဆယ်ရေးတွေအတွက်၊ ကယ်ဆယ်ပြီးတဲ့ ဒုက္ခသည်တွေရဲ့ တနေ့ပြီး တနေ့ ဒုက္ခတွေအတွက်၊ ကယ်ဆယ်ပြီးတဲ့ ဒုက္ခသည်တွေရဲ့ နေထိုင်စရာတွေအတွက်၊ ဒုက္ခသည်တွေ မှီခိုနေရတဲ့ ဘုန်းကြီးကျောင်းတွေ ပြုပြင်ရေးအတွက်၊ နောက်ဆုံး ဒုက္ခသည်တွေရဲ့ အသက်မွေးဝမ်းကျောင်း ဖန်တီးရေးတွေအတွက် လပေါင်းများစွာ ကျနော်တို့ အလှုတွေ မပြတ်လိုနေပါဦးမယ်။ ဒီအလှုတွေဟာ နိုင်ငံတကာကနေ ရရှိတဲ့ အလှုတွေနဲ့တင် မလုံလောက်ပါဘူး။ ကျနော်တို့ မြန်မာတွေဆိုတာ အလှုတောင်မှ တာရှည်ခံအောင် လှုနိုင်တဲ့အလှုမျိုးအဖြစ် မှတ်ကျောက်တင်ခံနိုင်ရပါမယ်။ တခဏတာ လှုပြီး မေ့သွားတာထက် လအတော်ကြာ အလှုငွေတွေထည့်ပြီး တစ်ဘ၀စာ ကိုယ့်အလှုကို မှတ်မိသွားမယ့်အဖြစ်မျိုး၊ တစ်ဘ၀စာ ကြည်နူးရမယ့် အလှုမျိုးအတွက် စဉ်းစားကြပါလို့ ပြောလိုပါတယ်။

ဒီလို လအတော်ကြာ လှုရမယ့်အလှုမျိုးဟာ အတော် စည်းကမ်းရှိဖို့ လိုပါတယ်။ အလှုရှင်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ ငွေပမာဏကို လစဉ် လှုဖို့ မပျက်ကွက်ရပါဘူး။ လစဉ်ဆိုတဲ့နေရာမှာ နောက်ဆုံး ဒုက္ခသည်တွေ ကိုယ့်အလှုကို မလိုအပ်တော့တဲ့အထိ တနည်းအားဖြင့် ဒုက္ခသည်တွေဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အခြေအနေအထိ လှုဖို့ လိုအပ်ပါတယ်။ ဒီလစဉ်ဟာ တသက်လုံး မဖြစ်နိုင်ပါ။ အနည်းဆုံးတော့ ၁ နှစ်လောက်တော့ ကြာကောင်း ကြာနိုင်ပါတယ်။ ဒီတော့ ကိုယ်လှုရမယ့်ငွေဟာ ကိုယ် လတိုင်း လှုနိုင်မယ့် ငွေမျိုးဖြစ်ဖို့ လိုပါတယ်။ လှုဖို့ မပျက်ကွက်ဖို့ ဆိုတာကတော့ ကိုယ့်ဘက်က တလကို ဒေါ်လာ ၁၀ လှုတယ်ဆိုရင် ဒုက္ခသည်တယောက်ဟာ အဲဒီလအတွက် ဖြတ်ကျော်နိုင်မယ်လို့ မှတ်ယူထားစေချင်ပါတယ်။

ထို့အတူ အလှုလက်ခံသူများဘက်ကလဲ လကြာလာတဲ့နဲ့အမျှ ပေါ့လျော့လာတာမျိုး၊ စီမံခန့်ခွဲမှု လျော့နည်းလာတာမျိုး မဖြစ်သင့်ပါ။ ဘယ်နည်းနဲ့မှ အဖြစ်မခံနိုင်ပါ။ အချိန်ကြာလာတာနဲ့အမျှ အလှုလက်ခံသူများအနေနဲ့ ပြဿနာဆိုတာလေးတွေ ရှိလာတတ်ပါတယ်။ ဒီပြဿနာတွေဟာ အလှုရှင်တွေကို စိတ်ပျက်စေသလို ဒုက္ခသည်တွေကို ပိုပြီး ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် ဖြစ်လာသမျှကို အေးချမ်းစွာ တည်ငြိမ်စွာ ဖြေရှင်းသင့်ပါတယ်။ ဒီလိုပါပဲ အလှုလက်ခံသူတွေကနေ အန်ဂျီအိုတွေကို ပေးတဲ့အခါ အန်ဂျီအိုတွေအနေနဲ့လဲ ရတဲ့ ရန်ပုံငွေတွေကို စနစ်တကျနဲ့ လှုဒါန်းရပါမယ်။ ပြီးပြီးရော ဆိုပြီး မလုပ်ဘဲ အချိန်ကြာမြင့်လာတာနဲ့အမျှ လျော့တိလျော့ရဲ မဖြစ်လာဖို့ အရေးကြီးပါတယ်။

ဒီတော့ အလှုကောက်ခံရာမှာလဲ အမျိုးမျိုး ရှိနိုင်ပါတယ်။ နီးစပ်ရာ သူငယ်ချင်းတွေ စုပြီး တလ ဘယ်လောက် စုမယ်၊ ပြီးရင် ဘယ်မှာ အလှုထည့်မယ်ဆိုတာ ဆုံးဖြတ်ရပါမယ်။ တကယ်လို့ မြန်မာပြည်က အန်ဂျီအိုတွေနဲ့ နီးစပ်တယ်ဆိုရင် ဘယ်အန်ဂျီအိုကို တိုက်ရိုက်လှုမယ်။ အဲဒီ ဆုံးဖြတ်ထားတဲ့ အန်ဂျီအိုကိုပဲ လစဉ်လှုမှာလား။ အန်ဂျီအိုတွေကို ရွေးပြီး တလ အန်ဂျီအိုတခု ပြောင်းပြီး လှုမှာလား ဆုံးဖြတ်ရပါမယ်။ အလှုရှင်တွေဘက်ကကော အန်ဂျီအိုတွေဘက်ကပါ အလှုငွေတွေကို တတ်နိုင်သမျှ အကျယ်ပြန့်ဆုံး maximize လုပ်ရပါမယ်။ ဒီတော့ ဆုံးဖြတ်ကြပါ။ ကိုယ့်နီးစပ်ရာ သူငယ်ချင်းတွေ ဖြစ်စေ၊ မိသားစုအချင်းချင်းပဲဖြစ်စေ တလကို ဘယ်လောက် လှုမယ်ဟဲ့လို့ ရည်မှန်းပြီး ကိုယ် သန်ရာ သန်ရာ တကယ် အလှုဖြစ်နိုင်မယ့် အလှုခံဌာနမျိုး၊ အန်ဂျီအိုမျိုးကို လှုဒါန်းကြပါလို့ တိုက်တွန်းအကြံပေးရင်း မြန်မာပြည်အတွက် ဆုမွန်ကောင်းများ လှိုက်လှိုက်လှဲလှဲ တောင်းလိုက်ပါတယ်ခင်ဗျာ။


ကဒေါင်းညင်သာ

မေ ၂၆၊ ၂၀၀၈

Sunday, August 5, 2007

China gets serious

နိုင်ငံအနှံ့ AIDSရောဂါ တိုက်ဖျက်ရေးအစီအစဉ်တစ်ရပ်အနေနဲ့ တရုတ်နိုင်ငံအတွင်းရှိ ဟော်တယ်တွေ အပန်းဖြေစခန်းတွေနဲ့ အများသုံးရေချိုးကန်တွေမှာ ကွန်ဒုံးများ ဝေငှပေးရန် အမိန့်ထုတ်ထားကြောင်း တရုတ်သတင်းစာတစ်စောင်တွင် ရေးသားဖေါ်ပြထားပါတယ်။ စီးပွားရေးနှင့် ကျန်းမာရေးဝန်ကြီးဋ္ဌာနများက ထုတ်ပြန်ထားတဲ့အမိန့်မှာ AIDSကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်တွေကိုလည်း ပြသထားရမယ်လို့ ဆိုပါတယ်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာတဲ့ Zhejiang ပြည်နယ်မှာ မတ်လက ဟိုတယ်နဲ့ဘားဆိုင်တွေကို ကွန်ဒုံးများ မဝေငှပါက ဒဏ်ရိုက်သည့်စနစ် ကျင့်သုံးခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ စာရိတ္တယိုယွင်းနေသော အနောက်နိုင်ငံများရဲ့ လိင်တူဆက်ဆံသူများ၊ ပြည့်တန်ဆာများနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူများကြောင့် AIDSရောဂါ ဖြစ်ပွါးနေတာလို့ တရုတ်နိုင်ငံမှာ အရင်တုန်းက သတ်မှတ် သမုတ်ခဲ့ကြပါတယ်။ အစဉ်အလာအရတော့ ကွန်မြူနစ် တရုတ်နိုင်ငံတွင် ၎င်းအရာများ လုံးဝမရှိခဲ့ပါ။ ယခုသတိပေးချက်ဟာ နောက်ကျနေကြောင်း HIVပိုးက အများပြည်သူများကြားမှာ ပြန့်နှံ့နေပြီဖြစ်ကြောင်း ကျန်းမာရေး ပညာရှင်များက သတိပေးထားပါတယ်။ သို့သော်လည်း မျိုးဆက်ပွါးကျန်းမာရေး ပညာပေးလုပ်ငန်းများ နည်းပါးမှုနှင့် လိင်အကြောင်း ဆွေးနွေး ပြောဆိုလိုစိတ် မရှိမှုတို့ကြောင့် AIDSတိုက်ဖျက်ရေးမှာ အဟန့်အတားတစ်ခု ဖြစ်နေပါသေးတယ်။

Ref: http://www.pinknews.co.uk/news/articles/2005-5070.html မှ ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါတယ်။

Thursday, August 2, 2007

Scientists create 'plastic' blood

သွေးကို အစားထိုးနိုင်တဲ့ အရာ မရှိသေးပါဘူး။ သွေးကို ဘယ်ဓါတ်ခွဲခန်းကမှ ထုတ်လုပ်နိုင်ခြင်း မရှိသေးပါဘူး။

ဒါပေမယ့် ၂၀၀၇ မေလမှာ အင်္ဂလန် Sheffield University က ပလတ်စတစ်သွေး (plastic blood) တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ အဲဒီ ပလတ်စတစ်သွေးက သယ်ရပြုရ လွယ်ကူပါတယ်။ ပေါ့ပါးတယ်။ သွေးအစစ်တွေလို အေးခဲထားစရာ မလိုပါဘူး။ သက်တမ်း ကြာရှည် သိမ်းထားလို့လဲ ရပါတယ်။

အဲဒီ ပလတ်စတစ်သွေးက မော်လီကျူး အလယ်ဗဟိုမှာ iron atom သံဓါတ်အမ်တမ်တွေ ပါရှိနေတဲ့ plastic molecules ပလတ်စတစ် မော်လီကျူးလေးတွေနဲ့ ပြုလုပ်ဖန်တီးထားတာပါ။ အဲဒီ မော်လီကျူးတွေက hemoglobin ဟေမိုဂလိုဗင်ဓါတ်လိုမျိုး အောက်စီဂျင်တွေကို ခန္ဓာကိုယ်အနှံ့ သယ်ဆောင်ပေးနိုင်ပါတယ်။

ဒါပေမယ့် လူရဲ့ သွေးအစစ်လို အပြည့်အ၀ ကောင်းမွန်ပြည့်စုံခြင်း မရှိသေးပါဘူး။ လိုအပ်ချက်တွေ ဓါတ်မတည့်မှုတွေ ရှိနေနိုင်ပါသေးတယ်။ အဲဒါကြောင့် အချိန်ယူပြီး စောင့်ကြည့်ရအုံးမှာပါ။

It can cause allergic-type reactions. The immune response and clearance time from the bloodstream is as yet unknown.

အဲဒီ ပညာရှင်တွေ ဖန်တီးထားတဲ့ ပလတ်စတစ်သွေး နမူနာကို လန်ဒန်က Science Museumမှာ ၂၀၀၇ မေ ၂၂ ရက်နေ့ မှာ စတင်ပြီး ပြပွဲတစ်ခုအဖြစ် ခင်းကျင်းပြသခဲ့ပါတယ်။

Sunday, July 29, 2007

Is RH blood monkey's blood?

RH အာအိတ်ခ်ျ သွေးကို မျောက်သွေးလို့ ဘာလို့ခေါ်တာလဲဟင် ... ဆိုတာကို ဖြေရမယ်ဆိုရင်တော့ ...

မက်ကာကတ်စ်ရီးဆပ်မျောက် (Macacus Rhesus Monkey) တွေရဲ့ သွေးနီကလပ်စည်းမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ဆင်တူ ပရိုတင်းဓါတ်ပါတဲ့ လူသွေးကို RH သွေးလို့ ခေါ်ပါတယ်။

၁၉၃၇ မှာ ယုန်တွေကို Rhesus မျောက်ရဲ့ သွေးတွေကို ထိုးထည့်စမ်းသပ် ကြည့်ကြတယ်တဲ့။ ယုန်တွေထဲမှာ အဲဒီမျောက်သွေးကို ဆန့်ကျင်တဲ့ ဓါတ် (Antibody) ပေါ်လာတယ်တဲ့။ အဲဒီ အန်တီဘောဒီဓါတ်က Rhesus မျောက်သွေးကို တွေ့ရင် သွေးနီဥတွေ လုံးခဲသွားအောင် ဖျက်ဆီးပစ်တတ်တယ်။

နောက်လူသွေးထဲကို အဲဒီဓါတ်ထည့်စမ်းသပ်တော့ တချို့တချို့သော လူတွေရဲ့ သွေးကို Rhesus မျောက်သွေးလိုပဲ လုံးခဲသွားအောင် အဲဒီဓါတ်က စွမ်းပြန်တယ်။ ဒါဆို အဲဒီလူတွေရဲ့ သွေးမှာ Rhesus မျောက်သွေးထဲက ဓါတ်သဘာဝ တူတာတစ်ခုပါနေလို့ပဲ ယူဆကြတယ်။ အဲဒီ မျောက်သွေးထဲက ဓါတ်ကို RH Factor လို့ ခေါ်ကြတယ်။ ဆေးပညာမှာတော့ မျောက်သွေးလို့ မခေါ်ကြပါဘူး။ စပြီး မြန်မာလို ပြန်ဆိုရေးသားခဲ့သူရဲ့ လက်ရာပါ။
(ဒါကြောင့် မြန်မာလိုမပြန်နဲ့။ အဓိပ္ပါယ်တွေ လွဲကုန်မယ်လို့ ပြောကြတာဗျ။)

ဒါပေမယ့် အဲလိုသာတွေ့ခဲ့တာ အဲဒါ ဘာအရေးကြီးမှန်း မသိခဲ့သေးဘူး။ နောက် ၂-၃ နှစ်နေမှ အဲဒီဓါတ်ဟာ မွေးကင်းစ အသားဝါရောဂါတွေထဲက တစ်မျိုးကို ဖြစ်စေကြောင်း သိလာခဲ့ပါတယ်။

လူတွေ သွေးသွင်းကြရင် သွေးအုပ်စုတူဖို့ လိုပါတယ်။ အဲဒီ သွေးအုပ်စုခွဲတဲ့ စနစ်ကို A B O Blood Grouping လို့ ခေါ်ပါတယ်။ လူ့သွေးနီဥပေါ်မှာ သဘာဝအလျောက် ကွဲပြားနေတဲ့ ပရိုတိန်း အေတီဂျင် ၂-မျိုး ပါရှိပုံကို မူတည်ပြီး ခွဲခြားထားတာပါ။

- အေတီဂျင် အေ ပါရင် အေအုပ်စု
- အေတီဂျင် ဘီပါရင် ဘီအုပ်စု
- အေတီဂျင် အေရော ဘီရော ပါရင် အေဘီအုပ်စု
- အေတီဂျင် အေရော ဘီရော မပါရင် အိုအုပ်စု လို့ သက်မှတ်ပါတယ်။

The International Society of Blood Transfusion- ISBT အဖွဲ့မှာ အခုလောလောဆယ်အထိ အသိအမှတ်ပြုထားတဲ့ အေဘီအိုနဲ့ အာအိတ်ခ်ျ သွေးအုပ်စုတွေ အပါအ၀င် အဓိက သွေးအုပ်စုက ၂၉ ခု ရှိပါတယ်။ အေဘီအိုအုပ်စုနဲ့ အာအိတ်ခ်ျ အန်တီဂျင်တွေ အပြင် သွေးနီဆဲလ်တွေရဲ့ မျက်နှာပြင်အမြေးပါးမှာ တွေ့ရှိနေရတဲ့ အခြား သွေးအမျိုးအစား အန်တီဂျင်တွေ အများအပြား ကျန်ရှိနေပါသေးတယ်။

ဒါပေမယ့် အဲဒီ အေဘီအို မဟုတ်တဲ့ တခြားစနစ်တွေက သွေးသွင်းတာမှာ အရေးမကြီးလို့ ကျနော်တို့လည်း မသိပါဘူး။ နည်းနည်း မြည်းချင်ရင် ဒီမှာ ကြည့်ပါခင်ဗျ။
http://en.wikipedia.org/wiki/Human_blood_group_systems

သွေးသွင်းတာမှာ ဒုက္ခမပေးသော်လည်း မွေးကင်းစကာလမှာ ဒုက္ခပေးတဲ့ သွေးအုပ်စုကတော့ RH  ပါပဲ။ အဲဒီစနစ်အရ လူတွေကို ၂ အုပ်စုပဲ ခွဲပါတယ်။
  • RH protein ရှိတဲ့ လူတွေကို  RH+ (RH Positive)
  • RH protein မရှိတဲ့ လူတွေကို RH- (RH Negative)

မိဘနှစ်ပါးက Rh protein မတူရင် မွေးလာတဲ့ ကလေးကတော့ နောက်ဆက်တွဲအနေနဲ့ ကျပ်မပြည့် ခြေလက်မသန်တဲ့ ဘဝ ဖြစ်သွားတတ်ပါတယ်။

Ref: Ko Thergyi's post. Thanks, brother.

Saturday, July 28, 2007

RH Factor

RH Protein ရှိတဲ့ လူတွေကို Rh+ (RH Positive)... RH Protein မရှိတဲ့ လူတွေကို Rh- (Rh Negative) လို့ ခွဲခြား သတ်မှတ်ထားတယ် ဆိုတာကို သိပြီးကြပါပြီ။ အဲဒီ မတူညီမှုကြောင့် ဘယ်လိုအကျိုးဆက်တွေ ရှိနိုင်လာလဲ ဆိုတာ လေ့လာကြည့်ကြရအောင်။

အာရှတိုက်သားတွေက Rh+ (Rh Positive) ဖြစ်သူ ၉၉% ရှိပါတယ်။


Population data for the Rh D factor and the RhD neg allele
PopulationRh(D) NegRh(D) PosRh(D) Neg alleles
European Basqueapprox 35%65%approx 60%
Caucasian16%84%40%
American Blacksapprox 7%93%approx 26%
Native Americansapprox 1%99%approx 10%
African descentless 1%over 99%3%
Japanese & Chineseless 1%over 99%1%


Ref: http://en.wikipedia.org/wiki/Rhesus_blood_group_system



မိဘနှစ်ပါးက RH Protein မတူရင် မွေးကင်းစ ကလေးဟာ အသားဝါတတ်တယ် ဆိုတဲ့အဆိုကို ရှင်းပြရရင် ကလေးတွေ အသားဝါတာဟာ မိဘနှစ်ပါးရဲ့ RH နဲ့မဆိုင်ပါဘူး။ RH တူတဲ့ မိဘနှစ်ပါးက မွေးလာတဲ့ မွေးကင်းစ ကလေးတွေလည်း အသားဝါတတ်ပါတယ်။ ကလေးက အရမ်းနုနယ်တဲ့အချိန်မှာ အသည်းကလည်း နုပါတယ်။ Hemoglobin ပုံစံပြောင်းလို့ သွေးဥပျက်တာနဲ့ အသည်းက စစ်ထုတ်တာ မမျှတဲ့အခါမှာ အသားဝါပါတယ်။

ပထမဦးဆုံး သားဦးကလေးရဲ့သွေးက (+) ဖြစ်နေပြီး မိခင်က(-)  ဖြစ်နေတယ်ဆိုရင် ကလေးကို မီးဖွားစဉ်အခါမှာ ကလေးရဲ့ ပရိုတိန်းက မိခင်ဆီကို ရောက်သွားပါတယ်။ ကလေးမီးဖွားစဉ်၊ ပျက်ကျစဉ်မှာ ကလေးရဲ့ ပရိုတိန်းက ပရိုတိန်းမရှိတဲ့ မိခင်ထဲကို ရောက်သွားပါတယ်။

အဲဒီအခါမှာ မိခင်ရဲ့ ကိုယ်ခံအား immune system ကနေပြီး ဒီပရိုတိန်းတွေက ပြင်ပကပိုးမွှားတွေလို့ သတ်မှတ်ပြီးတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ မိခင်ကိုယ်ထဲမှာ ပရိုတိန်းကို ဆန့်ကျင်တဲ့ ဓါတ်တွေ (Antibody) ထုတ်လုပ်ပါတယ်။ ဒီဓါတ်တွေဟာ သားဦးမှာတုန်းက ဒုက္ခမပေးလိုက်နိုင်ပါဘူး။ သားဦးလေးက မွေးပြီးသွားတဲ့အတွက်ပါ။

ဒုတိယကလေးကို ကိုယ်ဝန်ဆောင်ချိန်မှာတော့ အဲဒီပရိုတိန်းကိုဆန့်ကျင်တဲ့ ဓါတ်တွေ (Antibody) တွေက ဒုတိယကလေးကို ဒုက္ခပေးပါတော့တယ်။ ကလေးရဲ့ သွေးနီဥတွေ ပေါက်ကွဲကုန်ပြီး Bilirubin ခေါ် အဝါရောင်ဓါတ်တမျိုးအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီအဝါတွေကို အသည်းက ဒိုင်ခံဖျက်ဆီး ချေဖျက်ရပါတယ်။ အသည်းဖျက်နိုင်တဲ့ ပမာဏထက် ကျော်လွန်နေတဲ့ အတွက် အဲဒီအဝါတွေကြောင့် ကလေးမှာ အသားဝါဖြစ်ပါတယ်။ ဒါပေမယ့် ကလေးမှာ အသည်း မရောင်ပါဘူး။ အဲဒီအဝါရောင် ဘီလီရူဘင်တွေက များလွန်းရင် ဦးနှောက်ကို ထိခိုက်တတ်ပါတယ်။ ဒါကြောင့် သွေးလဲ ကုတာတွေ လုပ်ရတတ်ပါတယ်။

ယေဘူယျအားဖြင့် ပြောရရင်တော့ Rh positive အဖေနဲ့ Rh negative အမေက ပေါက်ဖွားလာတဲ့ သားဦးလေးကလွဲလို့ ကျန်ကလေးတွေမှာ မွေးမွေးချင်းမှာ အသားဝါတတ်ပါတယ်။

ဟိုအရင်ခေတ်တွေတုန်းကတော့ ဒီလို RH မတူတဲ့ မိခင်နဲ့မီးဖွားစဉ်မှာ ဖြစ်ပေါ်တဲ့ဟာတွေကို ကုသဖို့ခက်ခဲပြီး ဆိုးရွားတဲ့ ရောဂါတစ်ခုလိုဖြစ်ခဲ့ပေမယ့် အခုခေတ်အချိန်မှာတော့ ဆေးပညာ တိုးတက် ထွန်းကားလာမှုကြောင့် မွေးကင်းစကလေးငယ်ကို ဒုက္ခဖြစ်စေတဲ့ အန္တရာယ်တွေကို ကာကွယ်ကုသမှုတွေ လုပ်လို့ရနေပါပြီ။

မိခင် ပထမကိုယ်ဝန်ဆောင်စဉ်မှာ ကလေးရဲ့သွေးကို စစ်ကြည့်ပြီး ကလေးရဲ့သွေးက RH (+) ဖြစ်နေပြီး မိခင်က RH (-) ဖြစ်နေတယ်ဆိုရင် ကိုယ်ဝန်ဆောင်စဉ် ကာလမှာ Rh immune-globulin ဆိုတဲ့ဆေးကို ၂ ကြိမ် ထိုးသွင်းပေးရပါတယ်။ ပထမအကြိမ်ကို ကိုယ်ဝန် ၂၈ ပတ်မှာ ထိုးပေးပြီး၊ ဒုတိယအကြိမ်ကို မီးဖွားပြီး ၇၂  နာရီအတွင်းမှာ ထိုးပေးရပါတယ်။ အဲဒီဆေးက မိခင်ရဲ့ ခန္ဓ္ဓာကိုယ်ထဲမှာ အန္တရာယ်ဖြစ်စေတဲ့ Rh antibody  တွေ ဖြစ်လာစေခြင်းမှ ကာကွယ်ပေးတဲ့အတွက် နောက်ကိုယ်ဝန်တွေ မီးဖွားတိုင်းမှာ မွေးကင်းစကလေးကို အန္တရာယ် မဖြစ်စေနိုင်တော့ပါဘူး။ ဒီဆေးကို ကိုယ်ဝန်ပျက်ကျခြင်း၊ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ သွေးဆင်းခြင်းတို့ ဖြစ်လာရင်လည်း ထိုးပေးရပါတယ်။

တကယ်လို့ မိခင်ရဲ့ ခန္ဓာကိုယ်ထဲမှာ Rh antibody တွေသိပ်မြင့်မားနေပြီလို့ ဆရာဝန်က ဆုံးဖြတ်တဲ့အခါမှာ မွေးလာမယ့် ကလေးဟာ အန္တရာယ် ကြုံတွေ့ရတော့မှာမို့ ကလေးငယ် သန္ဓေ္ဓသားဘဝနဲ့ မိခင်ရဲ့သားအိမ်ထဲမှာ ရှိနေစဉ်အချိန်မှာ သွေးလဲကုသခြင်း ပြုလုပ်ပေးနိုင်ပြီး ကလေးရဲ့အသက်ကို ကယ်တင်နိုင်ပါတယ်။

သွေးလဲကုသခြင်းဆိုတာ ကလေးရဲ့သွေးကို သွေးနီဆဲလ် RH (-) နဲ့လဲလှယ်ပေးတာပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ကလေးရဲ့ သွေးနီဆဲလ်တွေကို တည်ငြိမ်စေပြီး ကလေးရဲ့သွေးကြောတွေထဲမှာ ရှိနေပြီးဖြစ်တဲ့ Rh antibody တွေကြောင့် ဖြစ်လာမယ့် ပျက်စီးစေမှု ၊ အန္တရာယ်ဖြစ်စေမှုတွေကို လျော့ချပေးလိုက်နိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီသွေးလဲကုသနည်းကို အောင်မြင်စွာ အသုံးပြုနေကြပါပြီ။


Ref: Ko TherGyi’s Message and MaCyberCandle's Message.

Wednesday, July 25, 2007

An important message to blood donors

Please read this BEFORE you donate blood.

သင့်အနေနဲ့ သွေးလှူဒါန်းဖို့ မသင့်တော်တဲ့ အချိန်များရှိပါတယ်။

ရောဂါဖြစ်နေတဲ့သူတွေ၊ ကျန်းမာရေး မကောင်းတဲ့သူတွေ၊ အရက်သေစာ သောက်စားထားတဲ့သူတွေ၊ ဆေးဝါးကုသမှု ခံယူနေရတဲ့သူတွေ သွေးမလှူသင့်ပါဘူး။

မူးယစ်ဆေးဝါးသုံးစွဲသူတွေ၊ အထူးသဖြင့် မူးယစ်ဆေးဝါးကို အကြောထဲ ထည့်သွင်းထိုးသူ (Drug user) တွေ သွေးမလှူသင့်ပါဘူး။

လွန်ခဲ့တဲ့ သုံးပါတ်အတွင်းမှာ ဝက်သက်၊ ပါးချိတ်ရောင်၊ ရေယုံ၊ ဂျိုက်သိုး၊ ရေကျောက်ပေါက်သူများ သွေးမလှူသင့်သေးပါဘူး။

လွန်ခဲ့တဲ့ ခြောက်လ အတွင်း ခွဲစိတ်ကုသမှု ခံယူထားသူတွေ၊ လွန်ခဲ့တဲ့ ၁ နှစ် အတွင်း သွေးသွင်းကုသမှု ခံယူထားသူတွေ သွေးမလှူသင့်ပါဘူး။

လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ပဋိဇီဝဆေးဝါး (Antibiotics) သုံးစွဲထားသူတွေ၊ လွန်ခဲ့တဲ့ ၃ ရက်အတွင်း အက်စပရင်၊ အကိုက်အခဲ ပျောက်ဆေး သုံးစွဲခဲ့သူတွေ သွေးမလှူသင့်ပါဘူး။

လွန်ခဲ့တဲ့ ၇ ရက်အတွင်း ဝမ်းလျှောထားသူတွေ၊ လွန်ခဲ့တဲ့ ၃ ရက်အတွင်း သွားနှုတ်ထားတဲ့သူတွေ သွေးလှူလို့ မရပါဘူး။

လွန်ခဲ့တဲ့ ၂၁ ရက်အတွင်းမှာ ကာကွယ်ဆေး (vaccine) တစ်မျိုးမျိုး ထိုးထားတဲ့သူတွေလဲ သွေးလှူလို့ မရသေးပါဘူး။

လွန်ခဲ့တဲ့ ၃ လအတွင်း ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာသူတွေလည်း ဆေးအရင်စစ်သင့်ပါတယ်။ သွေးမလှူသင့်သေးပါဘူး။

သွေးမလှူခင် ညက အနည်းဆုံး ၆ နာရီ အိပ်ရေးဝအောင် မအိပ်ခဲ့သူတွေလည်း သွေးမလှူသင့်ပါဘူး။ သွေးပေါင် မပြည့်ရင်လည်း သွေးမလှူသင့်ပါဘူး။ ရှော့ခ်ဖြစ်တတ်ပါတယ်။

သွေးလှူရှင် အမျိုးသမီးများအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်၊ နို့ချိုတိုက်ကျွေးချိန်နဲ့ ရာသီဓမ္မတာလာစဉ်မှာ သွေးမလှူသင့်ပါဘူး။

မိမိ (သို့) မိမိ မိသားစု အထဲမှာ အသည်းရောင် အသားဝါရောဂါ (Hepatitis B and C) ဖြစ်နေရင်လည်း သွေးမလှူသင့်ပါဘူး။

လိင်အပျော်အပါးလိုက်စားသူတွေ၊ ကာလသားရောဂါ (Syphilis) ဖြစ်ဖူးသူတွေ၊ လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ ငှက်ဖျားရောဂါ (Malaria) ခံစားရဖူးသူတွေ သွေးမလှူသင့်ပါဘူး။

အိတ်ခ်ျအိုင်ဗွီပိုး ရှိသူတွေလည်း သွေးလှူလို့မရပါဘူး။ အိတ်ခ်ျအိုင်ဗွီပိုး ရှိ မရှိဆိုတာကလည်း ရောဂါပိုးဝင်ရောက်ပြီး ၆ လလောက်ကြာမှ ဓါတ်ခွဲစမ်းသပ်ကြည့်မှ သိရှိနိုင်ပါတယ်။

It is impossible to detect HIV during the window period.

ရာနှုန်းပြည့် ရောဂါပိုးကင်းစင်တဲ့ သွေးရရှိဖို့အတွက် သွေးလှူရှင်ကိုယ်တိုင် မိမိကိုယ် မိမိ မှန်မှန်ကန်ကန် ပြန်လည် ဆန်းစစ်ဖို့ အလွန်အရေးကြီးပါတယ်။

Your blood can save the life of other person.

To save lives, do not donate blood
if your behavior puts you at risk of HIV infection.

Safe blood save lives.

Friday, July 20, 2007

All about blood

uRefrwdkY cE¨¨mudk,fxJrSm&SdwJh aoG; qdkwJht&m[m uRefrwdkY touf&Sifa&;udk t"du axmufyHhhay;aewJh t&mjzpfygw,f/ aoG;r&Sd&if? cE¨¨mudk,frSm aoG;&Sdoifhoavmuf yrmPr&Sd&if uRefrwdkYtouf qufvuf&SifEdkifzdkY qdkwmrjzpfEdkifygbl;/ bmvdkYvJqdkawmh aoG;[matmufpD*sif? ADwmrif tm[m&"gwfawGeJY cE¨¨mudk,fu vdktyfwJh tjcm;aomt&mrsm;udk vdktyfaewJhqJvfawG wpf&I;awGqDudk a&mufatmif cE¨¨mudk,fwGif; vSnfhvnf ydkYaqmifay;vdkYygyJ/ wu,fvdkYom atmufpD*sif[m OD;aESmufudk ra&mufbl;qdk&if 3 rdepftwGif; uRefrwdkY aoqHk;rSm jzpfygw,f/ 'ghtjyif cE¨¨mudk,fwGif;rSm&SdwJh tnpftaBu;awGeJY umAGef'dkifatmufqdkuf'fudk aoG;u z,f&Sm;oefYpifay;ygw,f/ aoG;jzKOawG[m jyifyrSa&m*gydk;awGudk 0ifa&mufvmjcif;udk umuG,fckcHay;jyD; aoG;eDOawGuawmh wpf&I;rsm;qDodkY atmufpD*sifudk o,f,lydkYaqmifjyD; umAGef'dkifatmufqdkuf'fudk z,f&Sm;ay;ygw,f/ t&G,fa&mufjyD; vlom;wpfa,muf&JY cE¨¨mudk,fwGif;rSm aoG; 4 atmifprS 6 atmifpyrmPtxd vSnfhvnfaeygw,f/


aoG;vdkYajymvdkufwmeJY vlwdkif;&JY cE¨¨mudk,fwGif;rSm&SdaewJh aoG;awG[mtwlwlyJvdkY xifp&m&Sdygw,f/ 'gayr,fh rdkufu&dkpukyfatmufrSmawmh rsufjrifxif&Sm;odompGmyJ aoG;awG[m rwlBuygbl;/

 

 

 

1900 jynfhESpftapmydkif;rSm Bopaw;vsEdkifiHom; odyÜÜHynm&Sif Karl Landsteiner u aoG;trsdK;tpm;rsm;udk cGJjcm;EdkifcJhygw,f/ tJ'DatmifjrifrItwGuf ol Edkb,fvfqkudk xdkufwefpGm &&SdcJhygw,f/


Karl Landsteiner avhvmawGY&SdcJhwmu aoG;eDqJvfawG&JY rsufESmjyifrSm odomxif&Sm;wJh "mwkarmfvDusK; 2 rsdK;&Sdaeygw,f/ tJ'gudkolu armfvDusL;at eJY armfvDusL; bDvdkY emrnfay;cJhygw,f/ armfvDusL; atomyJ&SdwJh aoG;eDqJvf udk at tkyfpk aoG;trsdK;tpm;vdkY owfrSwfjyD; armfvDusL; bD omyJ&SdwJh aoG;eDqJvfudkawmh bD tkyfpk vdkYowfrSwfygw,f/ armfvDusL; at a&m armfvDusL; bDa&m ESpfrsdK; aygif;pyfyg0ifaewJh aoG;tkyfpkudkawmh atbDaoG;trsdK;tpm;vdkY owfrSwfygw,f/ aoG;eDqJvfrSm ata&m bDa&m armfvDusL; rygwmrsdK;usawmh tdk tkyfpkvdkY owfrSwfcJhygw,f/

 

vlemwpfa,mufaoG;vdktyfwJhtcgrSm rwlnDwJhaoG;awG roGif;rdzdkY ta&;BuD;ygw,f/ rwlnDwJhaoG;trsdK;tpm; 2 ck[m twlaygif;pyfjyD; aoG;aBumxJrSm cJumydwfqdkYjcif;jzpfapjyD; aoapavmufwJh tajctaeudk csufcsif;jzpfay: qdk;&Gm;apwmaBumifh aoG;trsdK;tpm;tkyfpk wlnDrSomvQif aoG;oGif;ukoEdkifygw,f/ ta&;ay:tajctaersm;rSm tdkaoG;trsdK;tpm;udk tjcm;aoG;tkyfpkrsm;u vufcHEdkifaomfvnf;yJ wcgw&HrSmawmh tEåÅ&,f&SdaeqJygyJ/

 

at aoG;ydkif&Sif[m at aoG;trsdK;tpm; eJY atbD aoG;trsdK;tpm;ydkif&SifawGudk aoG;vIvdkY&ygw,f/

bD aoG;ydkif&Sifu bD aoG;trsdK;tpm;eJY atbD aoG;trsdK;tpm;ydkif&SifawGudk aoG;vIvdkY&ygw,f/

atbD aoG;ydkif&Sifuawmh atbD aoG;trsdK;tpm; ydkif&SifudkyJ aoG;vIvdkY&ygw,f/

tdk aoG;ydkif&Sifuawmh rnfoludkrqdk aoG;vIvdkY&ygw,f/

tdkaoG;vdktyfwJh vlemuawmh tdkaoG;udkom vufcHEdkifygw,f/ tdkaoG;rSvGJvdkY wjcm;aoG;rsm;udk r&,l&ygbl;/

 

 

tdk aoG;ydkif&Sifrsm;udk Universal Donor vdkY ac:BujyD; atbD aoG;ydkif&Sifrsm;udkawmh Universal Receiver vdkYac:Buygw,f/ ta&;ay:udpörsm;twGuf tdkaoG;ydkif&SifawG[m txl;vdktyfvSygw,f/

 

aoG;rSm  taygif; eJY tEIwfqdkwJh Rh Factor vnf;uGJjym;jyefygao;w,f/

aoG;vIEdkifwJ ? aoG;vufcHEdkifwJh trsdK;tpm;rsm;udk atmufygZ,m;rSm Bunfh&IEdkifygw,f/

 


Type

You Can Give Blood To

You Can Receive Blood From

A+

A+  AB+

A+  A-  O+  O-

O+

O+  A+  B+  AB+

O+  O-

B+

B+  AB+

B+  B-  O+  O-

AB+

AB+

Everyone

A-

A+  A-  AB+  AB-

A-  O-

O-

Everyone

O-

B-

B+  B-  AB+  AB-

B-  O-

AB-

AB+  AB-

AB-  A-  B-  O-

 


odyÜHÜynm&SifawGuvlawG&JU cE¨¨maA'udk avhvmzdkYtwGuf Rhesus arsmufawGudk avhvmcJhygw,f/ tJ'DarsmufawG[m uRefrwdkY vlom;awGeJY tawmfav;udkqifwlwmawG&SdvdkY vlYcE¨¨maA'udk ydkrdkavhvmEdkifzdkY Rhesus arsmufawGudkvltpm; tpm;xdk;toHk;jyKavhvmcJhBuygw,f/


Rhesus arsmufawGudkavhvmwJhtcgrSm aoG;xJrSm y&dkwdef;wpfrsdK;udkawGY&SdcJhygw,f/

tcsdKYvlrsm;&JY aoG;xJrSm tJ'Dy&dkwdef;udkawGY&Sd&ayr,fh tcsdKYrSmawmh rawGY&Sd&ygbl;/

tJ'Dy&dkwdef;yg&Sdjcif;? ryg&Sdjcif;qdkjyD; Rh factor taygif;eJY tEIwfqdkjyD; cGJjcm;owfrSwfvdkufygw,f/

Rh qdkwmuawmh Rhesus twdk taeeJY ac:vdkufwmyg/


aoG;xJrSm y&dkwdef;yg&Sdw,fqdk&if Rh (+) vdkY owfrSwfjyD; ryg&Sdbl;qdk&if Rh ( - ) vdkY owfrSwfvdkufygw,f/ 'D Rh factor uuRefrwdkY&JY aoG;trsdK;tpm;awGeJYqufEG,faeygw,f/ atbD aoG;ydkif&SifrSm Rh factor taygif;yg0ifaer,fqdk&if AB (+)  aoG;trsddK;tpm;vdkY owfrSwfygw,f/ y&dkwdef;ryg0ifwJh atbD aoG;trsdK;tpm;udkawmh AB ( - )  vdkY owfrSwfygw,f/ tdk aoG;rSm y&dkwdef;yg0ifae&if O (+)  aoG;trsddK;tpm;vdkY owfrSwfjyD; y&dkwdef;ryg0ifaewJh Rh ( - ) tdk aoG;rsdK;udk O ( - )  aoG;trsddK;tpm;vdkY owfrSwfygw,f/



Credit - Ma Hana

Sunday, July 15, 2007

Jelly for Women

uGef'Hk;tpGyfrsm;u athpfa&m*gumuG,fa&; wpfckwnf;aom enf;vrf;taeeJU 25 ESpfMumrQ &dScJhNyD;wJh aemufydkif;rSm aemufESpfrsm; rMumrD tPkZD0ydk;rsm;udk owfEdkifr,fh *s,fvDrsm; ay:ayguf vmawmhrSmyg/ umrpyf,Suf&mwGif athpfa&m*g ul;pufysHUESHUrIudk ydwfqdkUwm;qD;EdkifwJh tJ'D*s,fvf xkwfvkyfEdkifa&;udk tdrfrufwpfckyrm arQmfvifhcsufrsm;pGmeJU okawoejyKvkyf aeMuolrsm; &dSaecJhygw,f/ athpfa&m*g tqdk;0g;qHk; jzpfaewJh awmiftmz&durSm 60 &mcdkifEIef;aom ul;pufcH &olawGrSm trsdK;orD;awG jzpfMuygw,f/ olwdkUawGu vifa,musmF; odkUr[kwf &nf;pm;awG&JU tumtuG,frJh uGef'Hk;rygbJ tEdkiftxuf pD;eif;qufqHcH&jcif;awGaMumifh ul;pufcH&jcif; jzpfygw,f/ tckvdk *s,fvfrsdK;om ay:aygufvm&if tJ'DvdkrsdK; athpfa&m*gqdk;udk ydyd&d&d umuG,fEdkifrSmyg/

a,musmF;awGuvnf; a,musmF;awGygyJ/ txl;ojzihf tdrfaxmifonf a,musmF;awGu ZeD;r,m;awGeJU qufqH&mrS uGef'Hk;roHk;csifMuygbl;/ tvTmwpfckjcm;aewmudk urÇmwpfck jcm;ovdkvdkyJ ajymMu qdkMuwwfygao;w,f/ uGef'Hk;oHk;jzpfcJh&if athpfa&m*g ul;pufysHUyGg;rIudk ododomom avQmhcsEdkifrSmyg/

1997 u tPkZD0 ydk;owfaq; &SmazGzdkU taxmuftyH&aiGu a':vm 28 oef;om jzpfygw,f/ yxrqHk; prf;oyfrIjzpfwJh okwfowfaq;rS xkwf,laomaq;u ratmifjrifrIrsm;eJU BuHKawGUcJh&ygw,f/ tJ'Daq;udk prf;oyfMunfU&mrSm trsdK;orD;t*Fg twGif;eH&HrSm temawG jzpfay:vmNyD; temawG&JU aoG;pD;qif;rItwGif;odkU a&m*gydk;u tvG,fwul 0ifa&mufoGm;EdkifaMumif; awGU&dScJh&ygw,f/ tckawmh tajctaeawGu ajymif;vJoGm; ygNyD/ 2005 ckrSm axmufyHhaiGrSm a':vm 163 oef;jzpfvmygw,f/ bDvf*dwfazmifa';&Sif;u tck*s,fvf xkwfvkyfa&; y&[dwvkyfief;udk OD;pm;ay; tqifhwpfcktaeeJU owfrSwfay;xm;NyD; rsm;pGmaxmufyHh ulnDay;aeygw,f/ 2007ck 'DZifbmvrSm prf;oyfrIrsm; NyD;pD;rnf[k cefUrSef; xm;ygw,f/ tm;vHk; tqifajy atmifjrifcJh&if 2009 ckESpfrSm tJ'D*s,fvfudk oHk;Edkifr,fvdkU okawoDawGu cefUrSef; ajymMum;xm;ygw,f/

Wednesday, June 27, 2007

Change your world


rsdK;qufyGg;usef;rma&;ESifh trsdK;om;rsm;\u@

uRefawmfwdkU jrefrmh"avhxkH;pHt& trsdK;om;rsm;[m t"duusaom OD;aqmifqHk;jzwfolrsm;jzpfMuNyD; txl;ojzifh rsdK;qufyGg;usef;rma&;qdkif&mrsm;wGifvnf; 4if;wdkU\u@rSmta&;ygvSygw,f/ trsdK;om;rsm;wGifvnf; rSefuefwJh tod&dSNyD; atmufygtcsufrsm;udk jyKrlaqmif&Gufjcif;jzifh rdom;pkrsm;ESifhwuG vlUtzGJUtpnf; wpfckvHk;udk wdk;wuf om,mapEdkifrSm jzpfygw,f/

tdrfaxmifrusrD

rdrdudk,fwdkif rdrdZeD;avmif;eJU tem*wf&ifaoG;i,fwdkU umvom;a&m*grsm;rSuif;a0;&ef taysmftyg; vdkufpm;jcif;udk a&Smif&Sm;&ygr,f/ rvdkvm;aomukd,f0efESifh udk,f0efzsufcsjcif;rsm;udk a&Smif&Sm;Edkif&ef orD;&nf;pm;b0rSm vdifqufqHrIudk a&SmifMuOf&ygr,f/ trsdK;orD;rsm;tm; xdyg;aESmifh,Sufjcif;? tEdkiftxuf jyKusifhjcif;wkdUudk a&SmifMuOf&ygr,f/

tdrfaxmifusNyD;

rdom;pkpm;0wfaea&;? vlaerIb0 jynfUpHka&;twGuf wm0ef,l&ygr,f/ cifyGef;? ZeD;ESpfOD;pvHk; uav;b,ftcsdef ,lr,f? b,fESpfa,muf,lr,f b,fESpfESpfjcm; ,lr,f qdkwmawGudk wkdifyifaqG;aEG;&ygr,f/ rdrdZeD;tay:rSm opöm&dSNyD; tdrfaxmifzuf r[kwfoleJU vdifqufqHjcif;rS a&SmifMuOf&ygr,f/ rdrdZeD;tm; udk,fydkif;? pdwfydkif;? vdifydkif;qkdif&m tEdkiftxuf qufqHjcif;rsm;rS a&Smif&Sm;&ygr,f/

udk,f0efaqmifpOf

udk,f0efaqmifrdcif tm[m&jynfU0pGm pm;oHk;Edkif&efeJU  vHkavmufaom tem;,lrI &&dS&eftwGuf yHhydk;pDpOfay;&ygr,f/ uRrf;usifaom usef;rma&;0efxrf;xHrS udk,f0efaqmifapmifha&SmufrI tenf;qHk; 4Budrf cH,lEdkifzdkUtwGuf yhHydk;ay; &ygr,f/ arG;zGg;&efeJU ta&;ay:udpörsm;twGuf toHk;jyKEdkifzdkU aiGa&;aMu;a&;? oGm;a&;vma&;wdkU twGuf BudKwif pDpOfxm;&ygr,f/ udk,f0efaqmifpOf tEÅ&m,fvu©Pmrsm;udk od&dSNyD;? tcsdefrD aq;&HkodkU ydkUEdkif&ygr,f/

udk,f0efaqmifpOf owdjyK&rnfU tEÅ&m,fvu©Pmrsm;rSm -

aoG;qif;jcif;
t&nfqif;jcif;
ajcvufrsufESm azma,mifjcif;
qD;enf;jcif;
acgif;rl;acgif;udkufjcif;
tvGeftrif; ysdKUtefjcif;
wufjcif;
&ifwkefarmyef;jcif;
aoG;tm;enf;jcif;
rdcifzsm;emjcif;
tom;0gjcif;
ajcovHk;eJU 0rf;Adkufatmufydkif; aoG;aMumrsm; azmif;<ujcif;
udk,f0efBuD;xGm;oifhoavmuf rBuD;xGm;jcif;
uav; rwdk;jcif;

rD;zGg;pOf

uRrf;usifaom usef;rma&;0efxrf;ESifhom rD;zGg;Edkif&eftwGuf pDpOfay;&ygr,f/(rdcifeJU uav;wdkU touf&Sifa&;eJU usef;rma&;[m uRrf;usif0efxrf;ESifh arG;jcif;? rarG;jcif;ay:rSm rlwnfaeygw,f/) rD;zGg;pOf tEÅ&m,fvu©Pmrsm;udk od&dSNyD; tcsdefrDF aq;&HkodkU ydkUEdkif&eftwGuf pDpOfay;&ygr,f/

rD;zGg;pOf jzpfay:wwfaom tEÅ&m,fvu©Pmrsm;rSm -

AdkufpemvmcsdefrSpNyD; 12em&DausmfwJhtxd uav;rarG;Edkifjcif;
rdcifarmyef;NyD; rnSpfEdkifjcif;
rD;zGg;csdefrSm aoG;qif;rsm;jcif;? aoG;qif;r&yfjcif;
rdciftom;ta& jzLzwfjzLa&mf jzpfvmjcif;
aoG;vefUjcif;
owdvpfjcif;
wufjcif;
rD;zGg;NyD; wpfem&DtwGif; tcsif;rusjcif;
arG;zGg;vmwJhuav; touf&IrrSefjcif;? aygifrjynfU vraphjcif;

rD;zGg;NyD;

rD;zGg;NyD;apmifha&SmufrIudk uRrf;usifaom usef;rma&;0efxrf;qDrS tenf;qHk; 6Budrf cH,lEdkif&eftwGuf pDpOfay; &ygr,f/ rD;wGif;tcsdef tEÅ&m,fvu©Pmrsm; od&dSxm;NyD;? tcsdefrDaq;&HkodkU ydkUEdkif&ef pDpOfxm;&ygr,f/

rD;wGif;tcsdef tEÅ&m,fvu©Pmrsm;rSm -

arG;zGg;NyD; om;tdrfr0yfjcif;
aoG;oGefjcif;
aoG;tm;enf;jcif;
arG;vrf;aMumif;temrusufjcif;
ykyfeHaomt&nfqif;jcif;
zsm;jcif;
wufjcif;
pdwfua,mufu,ufjzpfjcif;
EdkUwif;a,mif,rf; temjzpfjcif;
uav;EdkUrpdkUEdkifjcif;
uav;wufjcif;
csufjynfwnfjcif;
uav;tom;0gjcif;

wm0efodzcifb0

tdrfrIudpörsm;udk wwfEdkifwJhbufrS vdktyfovdk ulnDyhHydk;ay;&ygr,f/ arG;puav;tm; touf 6vtxd rdcifEdkU wpfrsdK;wnf; atmifjrifpGm wdkufauR;EdkifzdkU ulnDyhHydk;ay;&ygr,f/ udk,f0efaqmif wpfckeJU wpfck tenf;qHk; 2ESpf jcm;zdkUtwGuf om;qufjcm;enf;vrf; oHk;pGJ&ef ZeD;onfeJUtwl usef;rma&;0efxrf;qD vdkufygaqG;aEG; aqmif&Gufay;&ygr,f/ wpfESpfatmuf uav; umuG,faq; tjynfUt0 xdk;Edkif&eftwGuf pDpOfay;&ygr,f/

wpfpHkwpfckaom twdkif;twmtxd tusdK;&dSEdkifr,fvdkU ,lqrdvdkU 'Dpmav;udk wifvdkufygw,fcifAsm/

Monday, March 19, 2007

Am I wrong?

udk,frSm;aevm;

apwemaumif;&if uHaumif;r,feJU apwemonf vlwdkif;eJU rwefqdkwJh jrefrmqdk½dk;ESpfckMum; b,fbufjcrf;u udk,fae&awmhrvJvdkU pOf;pm;rdwm tBudrfBudrf/ avmu&JU oabmudku axGjym;wwfvGef;wmvm;/ udk,fhuyJ nHUzsif;vGef;ao;wmvm;udk rqdkEdkifbl;/ avmu"H&JU vufoD;csufu wpfcsDwpfcsDqdk eifhueJ? udk,fawmh rdkufueJ jzpfjzpfoGm;w,f/ udk,frSm;aevm;/

aps;uGufpD;yGg;a&;rSm EdkifiHawmfu tvHk;pHk wm0ef,lxm;ay;cJh&wJh jynfolUaq;½Hkrsm; omruawmhbJ yk*f*vdu aq;½Hkaq;cef;BuD;rsm; ay:aygufvmcJhygw,f/ tJ'DrSm xdkufoifhwJhaps;EIef;eJU xdkufoifhwJh 0efaqmifrIwdkUudk &&dSEdkifNyD; wcsdKUvnf; aps;jrifhjrifheJU 0efaqmifrI aumif;aumif;&,lEdkifMuygw,f/

'gayr,fh EdkifiHawmfydkifaq;½Hkrsm;rSm EdkifiH0efxrf;q&m0ef? q&mreJU uRrf;usif0efxrf;awG[m EdkifiHawmf&JU vpmudk cH,lpm;oHk;NyD; rusef;rmolwdkUudk apmifha&SmufulnDay;vsufyJ &dSygw,f/

EdkifiHawmfrS yHhydk;jznfUqnf;ay;xm;wJh tajccH taqmuftOD;rsm; &dSygw,f/ uRrf;usifq&m0ef? q&mrrsm; 0efxrf;rsm; &dSygw,f/ ypönf;ud&d,mrsm; twwfEdkifqHk; jynfUpHkvHkavmufrI &dSap&efukdvnf; EdkifiHawmfrS wm0ef,l jznfUqnf;ay;vsuf &dSygw,f/

qdk&S,fvpf pD;yGhg;a&;pepf r[kwfawmhwmaMumifh jynfoltm;vHk;twGuf aq;0g;udkawmh EdkifiHawmfrS vHk;0 jynfUpHk vHkavmufrI &dSap&ef yHhydk;rIray;Edkifawmhyg/ 'gayr,fhvnf; r&dSrjzpf t"duaq;0g;? tajccHaq;0g;? wDbDa&m*g ukaq;0g;? a>rqdyfajzaq;? uav;rsm; a&m*gumuG,faq;? iSufzsm;aq;? om;qufjcm; pDrHudef;twGuf aq;0g;awGudkawmh twwfEdkifqHk; jznfUqnf;ay;aeygw,f/

'DMum;xJrSmyJ wdk;wufajymif;vJvmwJh acwfpepfawGaMumifh jrefrmEdkifiH[m aemufusrusef&pfbJ urÇmrSm 'DaeUay:NyD; 'DaeUoHk;aewJh aq;udk udk,fEdkifiHrSmvnf; csufcsif;vdkufNyD; oHk;EdkifwJh acwfudk a&muf&dSvmygw,f/ aps;uGufzGifhvSpf rIeJUtwl aq;ukrÜPDrsm;&JU wifoGif;rIeJU aq;0g;topfrsm;udk vufcHoHk;pGJcGifh &&dSvmcJhMuygw,f/

vlemwpfa,muf EdkifiHawmfydkif aq;½Hkukd a&muf&dSvmwJhtcg tpdk;& axmufyhHaq;0g; r[kwfwJh tjcm;acwfrDS aq;0g;rsm;? ukxHk;rsm; oHk;pGJ&ef vdktyfvmwJhtcg vlemudk rdrd&JU p&dwfeJUom 0,f,loHk;pGJap&ygw,f/

jyifyyk*¾vdu aq;ukcef;rsm;eJU EdIif;,SOf&if 0efaqmifrI[lí vHk;0rukef? aexdkifp&dwf ay;&jcif;vnf; r&dSbJeJU aq;zdk;twGufom ukefuscH&jcif;rsm; jzpfygw,f/ aq;½HkrS ay;EdkifwJh aq;0g;rsm;udk ay;NyD; vdktyfvmcJh&ifawmh jyifyrSaq;0g;rsm; 0,f,loHk;pGJ uscH&ygw,f/

aiGaMu;jynfUpHk csrf;omolwdkUu jyifyyk*¾vdu aq;½Hkaq;cef;rsm;udk oGm;NyD; EGrf;yg;csdKUwJholwdkUu EdkifiHydkifaq;½Hkrsm; udkom tm;udk;Mu&ygw,f/ 'Dtcg 0,f,loHk;pGJ&wJh aiGaMu;[m tenf;i,fyifjzpfygap olwdkUtwGufMuawmh 0efxkyf0efydk;wpfck jzpfvmygw,f/

'DtwGufudkvnf; EdkifiHawmfrS EdkifiHydkifaq;½Hkrsm;twGuf aq;ya'omyif &efyHkaiGrsm; pkaqmif;pdkufxl xm;&dSap cJhygw,f/ 'gayr,fh tJ'D&efyHkaiG[m bPfrSmxm;&NyD; t&if;aiGudk vHk;0xkwf,l oHk;pGJcGifhr&dSygbl;/ &&dSvmwJh twdk;tyGg;rsm;udkom aq;½HkBuD;MuyfaumfrwD&JU tkyfcsKyfrIatmufrSm pepfwus oHk;pGJ&ygw,f/ EGrf;yg;wJhvlem OD;a&[m &&dSvmwJh twdk;xuf ausmfvGefoGm;cJh&if pdkufxkwfaiGaMu; oHk;pGJrI[mvnf; uefUowfcsuf &dSvmcJhygw,f/

q&m0efwpfOD;[m vlemwpfa,muftwGuf rdrdukd,fydkif aiGaMu;rsm;xJrS wpfaxmifusyf vSL'gef;oHk;pGJay;cJh&if ta,mufwpf&mqdk&if aiGwpfodef; ukefuswmrdkU rdrd&&dSwJh vpmaiGxuf ausmfvGefoGm;cJh&ifvnf; xdkq&m0ef[m rwwfEdkifawmhyg/ ,aeUacwf aq;0g;p&dwfrsm;t& aiGwpfaxmifusyfuvnf; t&mrxifawmhyg/

jyoemudk ajz&Sif;&ef apwemtrSefjzifh vkyfaqmifcsuf trSefwpfckudk jyKcJhrdonf[k udk,fhudk,fudk,fxifrdaomfvnf; rdrdtwGufawmh jyoemwpfckudk &SmazGrdvdkufovdkom jzpfcJh&ygw,f/ &dSaewJholrsm;qDrS rajymyavmufwJh yrmP enf;enf;uav;eJU vlOD;a&rsm;rsm; pkMunfU&atmif/ bPfrSm yHkaotyfwJhpepf r[kwfbJ vpOfvpOf 0ifaiG &&dSaeatmif BuHaqmifMunfUMu&atmifvdkU ukd,faewJh NrdkUrdNrdKUzrsm;? MoZmtmPm BuD;rm;olrsm;udk &Sif;jytultnDawmif;? pnf;½Hk; aqmif&GufMunfUcJhrdygw,f/

vlwpfa,mufudk wpfv 500 usyfeJU pkcJhvdkU vlwpf&mudkom pnf;½Hk;EdkifcJh&if b,favmuf? vl 500 udkom pnf;½Hk;EdkifcJh&if b,favmuf? pdkufxkwfoHk;pGJ ulnDay;EdkifrSmyJvdkU wpfa,muftm;eJU ,lvdkUr&wJht&mudk trsm;tm;eJU arQmfudk;&ifckefMunfUcJhrdygw,f/

udk,feJU udk,hfaq;½Hktay:rSm ,HkrSm;oHo,awG &Sif;atmifvdkU tJ'DtzGJUtpnf;xJrSm udk,fb,fae&murS rygyg&apeJU/ bmwm0efudkrS r,l&ygapeJU/ csdLUwJhEGrf;yg;wJh vlema&muf&dSvmcJhvdkU&dS&if toif;udk taMumif;Mum;ygr,fh/ wm0ef&dSolu vmMunfUNyD; aq;½Hku vdktyfwJhaq;0g;udk vlemudk udk,fwdkif0,f,l ay;oGm;yg/ tjcm;0efaqmifrI wpfpHkwpf&mtwGuf toif;ydkifaiGaMu; wpfjym;wpfcsyfrS rukefus&atmif udk,fhwm0efxm;ygvdkUvnf; tmrawG cHvdkU udk,fwwfEdkifwJh tydkif;yJ udk,fwm0ef,lNyD; pdwful;awG pdefpDxm;wJhtcsdefawGaygh/

twdkifcH&vdkUwJh? ppfaq;cH&r,fwJh/ yDtD;wJh/ 'DtD;wJh/ tJ'DtdrfrufrsdK;awGu wpfcgrSawmif pdwfrul;cJhygyJeJU udk,fhb0xJ twif; wdk;0ifvmcJhw,f/ b,fae&mrSmrsm; rSm;oGm;cJhwmvJ/ b,fvdkcsdefrSm trSm;ygoGm;cJhwmvJeJU OD;aESmufudk csmcsmvnfa&myJ/ aiGvnf; wpfjym;rS rudkif? wm0ef&dSolvnf; rvkyf tppuif;atmif aecJhyg&JU eJUawmif aMomf... ighES,f jzpf&avjcif;&,fvdkUyJ nnf;vdkufcsifawmhw,f/ tJ'DvdkeJUyJ pdefpDxm;wJh tdrfruf awGvnf; ausmufcJpDxm;cJhovdkygyJ/ yvHkav;awmif jrnfoHrMum;bJ pkef;pkef;udk `rSKyfcJhawmhwmyg/

udk,f&vdkufwmu aMumufoGm;jcif;? vefUoGm;jcif;eJU aemifMuOfoGm;w,fvdkUrsm; ajymvdkU&rvm;yJ/ aeawmhuGm/ 'if;wdkUxdkufeJU 'if;wdkUuHyJ? owfw0g wpfck uHwpfckayghav/ aocsmwmuawmh odyfudkowåd&dSNyD; odyfZGJaumif;wJh pdwf"gwfydkif&SifrsdK;xJ udk,frygwmyJaerSm/ aemufNrdkUawGrSmaum ... tif;av rvkyfr&Iyf rjyKwfbJ aevkdufawmhvnf; at;wmygyJqkdNyD; awG;rdoGm;w,f/ udk,frSm;aeNyDvm;/

vkyfydkifcGifheJU &mxl;XmEå&udk toHk;jyKNyD; pyg;wif;axmifaygif;? ajruGufv,fuGufeJU ajrawG ydkifqdkifEdkifatmif vkyfEdkifcJhMuwJh vlawGu bmjyóemrS rwufbJ udk,fhrS bmaMumifh jzpf&wmvJ? atmf ... avmurSm udk,frodwmawG &dSaeygao;vm;/ udk,frSm;aevm;/


uavmif&Sif - a&Trdk;ndK
7 days news journal
Zefe0g&D 18 2007
pmrsufESm 11

tay:u owif;aqmif;yg;av;u jzpf&yfcsif; xyfwl rwlnDaomfvnf; cH&wmcsif;u twlwlrdkUvdkU BudKufvGef;vdkU 'DrSm trSwfw& wifxm;vdkufwmyg/ uRefawmfwdkUtzGJUvnf; tJ'Dvdk BuHKcJh&bl;ygw,f/ uRefawmfwdkUrsm; rSm;aevm;ayghaemf/ 'gayr,fh uRefawmfwdkUuawmh qufvufcsDwufaeqJyg/