ရန်ကုန်မြို့ရှိ စေတနာရှင်မိသားများစုနဲ့ ကျွန်တော်တို့ တောကျီးကန်းအဖွဲ့ အတူတကွ စုပေါင်းပြီး ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အတွင်းက ရွာတွေကို ဆန်အိတ်များ၊ အိုးခွက်များ၊ လက်နှိပ်ဓါတ်မီးများ၊ အ၀တ်အထည်များ သွားရောက် လှူဒါန်းပေးခဲ့ပါတယ်။ သွားရောက်လှူဒါန်းပေးခဲ့တဲ့ ရွာတွေကတော့ ကျွန်းပင်ရွာ၊ ကျိုက်ကော်ကလေး၊ စုန်ယမ်း၊ ထန်းတော၊ ကျုံကြတ်၊ သာယာကုန်း၊ မြန်အောင်စုနဲ့ သောင်တန်းရွာတို့ ဖြစ်ပါတယ်။ အလှူပစ္စည်းများကို သယ်ဆောင်တဲ့အခါ ဝေငှတဲ့အခါမှာ ဒေသခံရွာသားများက ၀ိုင်းဝန်ကူညီဆောင်ရွက်ပေးပါတယ်။ အလှူအတွက် မေလ ၃၁ ရက်နေ့မှာ ရန်ကုန်မြို့ကနေ စတင်ထွက်ခွာခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှာ ဒေးဒရဲမြို့မှ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒီတစ်ခေါက် ဒေးဒရဲအလှူမှာတော့ တောကျီးကန်းအဖွဲ့အနေနဲ့ အ၀တ်အထည်ဟောင်းများကို အဓိကထား ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ပါတယ်။
လှူဒါန်းဝေငှသောပစ္စည်းများ
ဆန်အိတ် -၂၀၀ အိတ်
ဒယ်အိုး - ၅၀၀ခု
ဒန်အိုး - ၅၀၀ ခု
အထည်ဟောင်း - ၇၀၀၀
ဆပ်ပြာ - ၁ ပုံး ( ၈၀တောင့်)
ပုဆိုးအသစ် - ၁၀၀၀၀ ထည်
လုံခြည်အသစ် - ၁၀၀၀၀ ထည်
ဓါတ်မီး - ၆၀၀ လက်
ကြက်သွန် - ၂၀၀ပိသာ
ဆား - ၂၀၀ပိသာ
ငပိထောင်း၊ ငါးခြောက်ကြော်၊ သကြားလုံး၊ ဘီစကွပ်၊ ဆေးဝါး
စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်းနှစ်ရာဝန်းကျင်ဖိုး လှူဒါန်းပေးခဲ့ပါတယ်။
လှူဒါန်းဝေငှသောပစ္စည်းများ
ဆန်အိတ် -၂၀၀ အိတ်
ဒယ်အိုး - ၅၀၀ခု
ဒန်အိုး - ၅၀၀ ခု
အထည်ဟောင်း - ၇၀၀၀
ဆပ်ပြာ - ၁ ပုံး ( ၈၀တောင့်)
ပုဆိုးအသစ် - ၁၀၀၀၀ ထည်
လုံခြည်အသစ် - ၁၀၀၀၀ ထည်
ဓါတ်မီး - ၆၀၀ လက်
ကြက်သွန် - ၂၀၀ပိသာ
ဆား - ၂၀၀ပိသာ
ငပိထောင်း၊ ငါးခြောက်ကြော်၊ သကြားလုံး၊ ဘီစကွပ်၊ ဆေးဝါး
စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်းနှစ်ရာဝန်းကျင်ဖိုး လှူဒါန်းပေးခဲ့ပါတယ်။









No comments:
Post a Comment