.:: (English version) Click HERE ::.

Wednesday, June 4, 2008

Paternity Determination

မိဘနှစ်ပါးရဲ့ သွေးအုပ်စုက မွေးလာမယ့် ကလေးရဲ့ သွေးအုပ်စုအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ မိဘတိုင်း ကိုယ့်သားသမီးရဲ့ ဖြစ်နိုင်ချေရှိတဲ့ သွေးအုပ်စုကို မမွေးခင်ကတည်းက သိချင်ကြမှာပါ။ သွေးအုပ်စု အေဘီအိုတွေဟာ သေချာမသိရင် နားမလည်ထားရင် အတော်လေးကို ရှုပ်ထွေးပါတယ်။ ဘာကြောင့်လဲဆိုတော့ အိုအန်တီဂျင် (O antigen) ကြောင့်ပါ။ လူတစ်ယောက်ရဲ့ သွေးက အေ ဆိုပေမယ့် တကယ်တမ်းကျတော့ သူရဲ့သွေးမှာ အေအန်တီဂျင်အပြင် အိုအန်တီဂျင်ပါ ပါရှိနိုင်တဲ့အတွက် အေအေ သို့မဟုတ် အေအို Genotype ဖြစ်နေတတ်ပါတယ်။ အဲဒီလိုပဲ ဘီသွေးအုပ်စု ပိုင်ရှင်ဖြစ်ပေမယ့် သူဟာ ဘီဘီ သို့မဟုတ် ဘီအို Genotype ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ မှတ်ပုံတင်မှာ သွေးအုပ်စုကို အေလို့ ရေးပေမယ့် တကယ်တမ်း သွေးအုပ်စုက အေအို ဖြစ်နေနိုင်ပါတယ်။ ဒါမျိုးလေးပေါ့...

Genotype
(DNA)
Blood
Type
AO or AA A blood type
AB AB blood type
BO or BB B blood type
OO O blood type

အဖေနဲ့ အမေ ဟာ အေသွေးအုပ်စုဖြစ်နေပြီး မွေးလာတဲ့ ကလေးဟာ အိုသွေး ဖြစ်နေတတ်တာ ဘာကြောင့်လဲဆိုတော့ အဖေနဲ့ အမေရဲ့ Genotype ဟာ တကယ်တော့ အေအို အမျိုးအစား ဖြစ်နေလို့ပါပဲ။ အိုသွေးအမျိုးအစား အဖေနဲ့ အမေမှာ ရလာမယ့် ကလေးကတော့ အိုသွေးပဲ ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အိုသွေးမှာ Genotype အေတွေ ဘီတွေ လုံးဝ မပါလို့ပါပဲ။

အောက်မှာ ဖော်ပြထားတဲ့ ပုံလေးကတော့ အဖေနဲ့ အမေရဲ့ သွေးအုပ်စုပေါ် မူတည်ပြီး သားသမီးမှာ ဖြစ်လာနိုင်တဲ့ သွေးအုပ်စုကို ဖော်ပြပေးထားပါတယ်။
The ABO blood type of the child when the blood type of
the father and the mother are known (top chart)


The ABO blood type of the father if the blood type of
the child and the mother are known (bottom chart).

အပေါ်က ပုံလေးကတော့ အမေနဲ့ ကလေးရဲ့ သွေးအုပ်စုပေါ် အခြေခံပြီး ကလေးအဖေရဲ့ သွေးအုပ်စုက ဘာဖြစ်နိုင်သလဲ ဆိုတာကို ကြည့်လို့ရတဲ့ ဇယားလေးပါပဲ။

မိခင်၊ ဖခင်တို့ရဲ့ သွေးအုပ်စုနဲ့ ဖြစ်နိုင်ချေရှိတဲ့ သားသမီးရဲ့သွေးအုပ်စု အကြောင်းကတော့ ဒီလောက်ပါပဲ ခင်ဗျာ။

No comments: