.:: (English version) Click HERE ::.

Saturday, June 7, 2008

Thank you all...

နာဂစ်မုန်တိုင်းဒဏ်ခံရသော ဒုက္ခသည်များအား ကျန်းမာရေးစောင့်ရှောက်ကူညီပေးခြင်း အောင်မြင်မှု တစ်လပြည့်မှတ်တမ်း

နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီး (၄၈) နာရီအကြာတွင် RAVEN BDC မှ အမှုဆောင်အဖွဲ့ဝင် တစ်ဦးနှင့် စေတနာရှင် ဆရာဝန်တစ်ဦးတို့သည် မုန်တိုင်းဒဏ်ခံရသော ရန်ကုန်မြို့ ဒေါပုံ၊ သာကေတ ၊ တောင်ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း) စသည့် မြို့နယ် များသို့ သွားရောက် ကြည့်ရှု့ပြီး လေဘေးဒုက္ခသည်များကို ဆေးကုသမှု ပံ့ပိုး ကူညီရန်အတွက် ဒေသခံဘုန်းတော်ကြီးများနှင့် တိုင်ပင် ညှိနှိုင်းပြီး ဆေးကုသ ခွင့်ပြုပါရန် လျှောက်ထားခဲ့ပါသည်။

ကျန်းမာရေးစောင့်ရှောက်ကူညီပေးမှု စတင်ခဲ့သည့် ၂၀၀၈ မေလ ၈ ရက်နေ့မှ စတင်ပြီး ယနေ့ ၂၀၀၈ ဇွန်လ ၇ ရက် တစ်လပြည့်သောနေ့တွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်များနှင့် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အပါအ၀င် နေရာပေါင်း ၃၄ နေရာတွင် လူနာပေါင်း ၄၂၇၅ ဦးကို ထိရောက်စွာ ကုသပေးနိုင်ခဲ့ပါသည်။

ဤလှုပ်ရှားမှုအောင်မြင်စေရန် တက်ကြွစွာကူညီခဲ့ကြသော စေတနာရှင် ဆရာဝန်များ ကိုလည်းကောင်းး ၊ RAVEN BDC မှ အဖွဲ့ဝင်များ၊ သွေးသန့် အလှူရှင်များကို လည်းကောင်း၊ စေတနာ့ဝန်ထမ်း လုပ်အားပေး Volunteer များကို လည်းကောင်း၊ ကုန်ကျသောစရိတ်များနှင့် ဂုဏ်ပြုငွေများကို ချီးမြှင့်လှူဒါန်းပေးခဲ့သော အလှူရှင်များကို လည်းကောင်း၊ နည်းပညာအားဖြင့် ကူညီပံ့ပိုးခဲ့သော စေတနာရှင်ဆရာဝန်ကြီးများ၊ ဆရာဝန်မကြီးများကို လည်းကောင်း အထူး ကျေးဇူးတင်ရှိပါကြောင်း RAVEN BDC မှ ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။



ကိုသန်းလွင်အောင် (ခ) ကိုကလော
Raven Blood Donor Club

1 comment:

Apprenticeship said...

Keep up with your great works.. I bow to you all.. Cheers..