.:: (English version) Click HERE ::.

Saturday, May 3, 2008

Nargis Relief Operation

တောကျီးကန်းအဖွဲ့အနေနဲ့ မေလ ၃ ရက်နေ့ နေ့လည် ၁ နာရီပတ်ဝန်းကျင်၊ နာဂစ်မုန်တိုင်း ၀င်ပြီးပြီးချင်းမှာပဲ လှိုင်မြစ်ကမ်းတစ်လျှောက်က မုန်တိုင်းသင့် ရပ်ကွက်များအတွင်းသို့ ချက်ချင်းဆင်းပြီး ထိခိုက်ဒဏ်ရာရရှိသူများကို အခြေခံရှေးဦးပြုစုခြင်းများဖြင့် ပြုစုကူညီ ဆောင်ရွက်ခဲ့ပါတယ်။ ရပ်ကွက်အတွင်း အပျက်အစီးများ၊ အစားအစာ၊ သောက်သုံးရေ၊ အခြေခံကျန်းမာရေး လိုအပ်ချက်များကိုလည်း လိုက်လံမှတ်သားခဲ့ပါတယ်။ အလုံမြို့နယ်မှာ မုန်တိုင်းကြောင့် သေဆုံးသူ ၄ ဦးရှိပါတယ်။ အိမ်ကို အပင်ပိပြီး သေဆုံးတဲ့လူ ၃ ဦးနဲ့ ရေထဲက သဘောင်္ကြီး ကုန်းပေါ်ဝင်တိုက်လို့ သေတဲ့လူ ၁ ဦးပါ။ စမ်းချောင်းမြို့နယ်မှာတော့ အပင်ပိ သေဆုံး ၁ ဦးရှိပါတယ်။

မြစ်ရေတက်လာလို့ ထွက်ပြေးလာရတဲ့ မြစ်ကမ်းနားနေလူထုအတွက် ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းများမှာ သောက်သုံးရေ ရရှိဖို့ ရပ်ကွက်လူကြီးများနဲ့ တိုင်ပင်ပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။ လှိုင်မြစ်တစ်ဖက်ကမ်းကို ပြန်ဖို့ အခက်အခဲရှိနေတဲ့ တွံ့တေးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ရွာသူရွာသားများကိုလည်း ဘေးမသီရန်မခ အိမ်ပြန်နိုင်ဖို့ မြန်မာ့ငါးလုပ်ငန်းဦးစီးဌာနနဲ့ ညှိုနှိုင်းပြီး စက်တပ်မော်တော် အကြီးစားများဖြင့် တစ်ဖက်ကမ်းကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။











No comments: