.:: (English version) Click HERE ::.

Saturday, May 24, 2008

Rebuilding after Nargis

Sanitation Project for Nargis survivors မှာပါဝင်တဲ့ အလတ်ချောင်းကျေးရွာမှာ အိမ်သာဆောက်ဖို့အတွက် လိုအပ်တဲ့ သစ်တွေ၊ အုတ်ဖိနပ်တွေ၊ ဘိလပ်မြေတွေ ၀ယ်ပြီး ညဦးပိုင်းရောက်နေပေမယ့် မနားပဲ တစ်ဖက်ကမ်းကို စက်လှေများနဲ့ သယ်ယူ ပေးပို့ခဲ့ပါတယ်။ ပစ္စည်း အတင်အချအတွက် ပေးရတဲ့ အလုပ်သမားခက မနည်းမနှောပါပဲ။ အလတ်ချောင်း ရွာသားတွေက ကိုယ်တိုင် သယ်မယ် ပြောပေမယ့် ဆိပ်ကမ်းမှာရှိတဲ့ အလုပ်သမားအဖွဲ့တွေရဲ့ စည်းမျဉ်းအရ သူတို့ရဲ့ အလုပ်သမားတွေနဲ့ပဲ သယ်ချခွင့်ပေးပါတယ်။ ဒါကြောင့် ကားပေါ်ကနေ လှေဆိပ်ကို ပစ္စည်းတွေ တစ်ခါချရပါတယ်။ ကားတွေနဲ့သယ်လာတဲ့ ပစ္စည်းတွေကို အားလုံးစုပုံထားပြီးမှ ရေတက်ချိန်မှာ လှေဆိပ်ကနေ လှေတွေပေါ်ကို တစ်ခါ ထပ်တင်ရပါတယ်။ လုပ်ငန်းရဲ့ သဘောသဘာဝအရပဲ ရန်ကုန်ဘက်ကမ်းမှာတင် အလုပ်သမားခက နှစ်ခါ ကုန်နေရပါတယ် ခင်ဗျာ။ အလတ်ချောင်းရွာမှာတော့ ရွာသားတွေက လှေဆိပ်ကနေ အိမ်သာဆောက်မယ့် နေရာအထိ ၀ိုင်းသယ်ပေးကြပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ သူတို့ကို လုပ်အားခ ပေးစရာမလိုပေမယ့် ကျေးဇူးပြန်လည်တုန့်ပြန်တဲ့အနေနဲ့ လက်ဖက်ရည်တိုက် ဧည့်ခံပေးခဲ့ပါတယ်။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပေါ့ ခင်ဗျာ။



















No comments: