.:: (English version) Click HERE ::.

Wednesday, May 21, 2008

Nargis Relief Operation

ကျွန်တော်တို့ ရက်ဗန်အဖွဲ့အနေနဲ့ ဘီဘီအိတ်ခ်ျစီအဖွဲ့နှင့် ပူးပေါင်းပြီး မေလ ၈ ရက်နေ့က စပြီး ယခုအချိန်အထိ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နဲ့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွေမှာ ဆေးအဖွဲ့ ၂ ဖွဲ့ စေလွှတ်ပြီး လေဘေးသင့်ပြည်သူများ၊ ရဟန်းသံဃာတော်များကို အခမဲ့ ဆေးကုသပေးနေပါတယ်။ စစချင်းမှာတော့ ဆေးအဖွဲ့ ၁ ဖွဲ့နဲ့ပဲ စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆရာဝန်တွေရော၊ ဆေးကျောင်းသား ဆေးကျောင်းသူတွေရော၊ စေတနာ့ဝန်ထမ်း လူငယ်တွေရော ပူးပေါင်းမှု ပံ့ပိုးမှု များပြားလာတဲ့အတွက် ဆေးအဖွဲ့ ၂ ဖွဲ့ခွဲပြီး အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ပါတယ်။ လိုအပ်တဲ့ ဆေးဝါးများကိုလည်း ပံ့ပိုးပေးပါတယ်။ ဓါတ်မှန်ရိုက်စရာ လိုအပ်တဲ့ လူနာများကိုလည်း စံပြဆေးရုံအနီးရှိ ဆေးခန်းများမှာ ဓါတ်မှန်ရိုက်ဖို့ စရိတ်ခံ စေလွှတ်ပေးခဲ့ပါတယ်။ ဆေးရုံတင်ဖို့ လိုအပ်တဲ့ လူနာများကိုလည်း ဆေးရုံသို့ လမ်းစရိတ်ခံ ပို့ဆောင်ပေးခဲ့ပါတယ်။ လေဘေးသင့်ပြည်သူတွေ လတ်တလော အဖြစ်များဆုံး ရောဂါတွေကတော့ စိတ်တုန်လှုပ်ခြောက်ခြားတာတွေ၊ ဖျားတာတွေ၊ ထိခိုက်ရှနာတွေ၊ ယားနာရောဂါတွေပဲ ဖြစ်ပါတယ်။ ဆေးအဖွဲ့အနေနဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း)မှာဆိုရင် အမှတ် ၅၅ ရပ်ကွက်၊ အမှတ် ၁၂ ရပ်ကွက်၊ အမှတ် ၁၇ ရပ်ကွက်၊ အမှတ် ၁၄၀ ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မှာဆိုရင် ရွာသာကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မှာဆိုရင် မြို့ဦးစေတီ စတဲ့နေရာတွေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ကျောင်းထိုင်ဆရာတော် ဘုန်းတော်ကြီးများကို လျှောက်ထားပြီး နေ့စဉ် မနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲအထိ အခမဲ့ စေတနာဖြင့် ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပါတယ်။ ၀မ်းရောဂါ ကာကွယ်ရေးအနေနဲ့လည်း ရေကိုကျိုချက် သောက်သုံးဖို့၊ တစ်ကိုယ်ရေး သန့်ရှင်းရေး ဂရုစိုက်ဖို့ စတဲ့ ကျန်းမာရေးအသိပညာများ ဖြန့်ဝေခဲ့ပါတယ်။ အခုအချိန်ထိ လူနာပေါင်း ၃၀၀၀ နီးပါးကို ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။























2 comments:

စိုးထက် - Soe Htet ! said...

ဝေမျှပေးတာ ကျေးဇူး ... ဆောင်ရွက်ချက်တွေ အတွက် တစ်ကယ် ကြည်နူးပါတယ် ခင်ဗျာ ...

cyclonevictimfund said...

let me used in my blog.