.:: (English version) Click HERE ::.

Friday, May 30, 2008

Nargis Relief Operation

ကျွန်တော်တို့ ရက်ဗန်အဖွဲ့အနေနဲ့ ဘီဘီအိတ်ခ်ျစီအဖွဲ့နှင့် ပူးပေါင်းပြီး မေလ ၈ ရက်နေ့က စပြီး ယခုအချိန်အထိ ဆက်လက်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နဲ့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွေမှာ ဆေးအဖွဲ့ ၂ ဖွဲ့လွှတ်ပြီး လေဘေးသင့်ပြည်သူများ၊ ရဟန်းသံဃာတော်များကို အခမဲ့ ဆေးကုသပေးနေပါတယ်။ ဆေးကုဖို့ စုရပ်လုပ်ထားတဲ့ တချို့နေရာတွေက ကားသွားလို့ မရပါဘူး။ အဲဒီလို အခါမျိုးကျရင် ဆိုက်ကားရှိရင် ဆိုက်ကားနဲ့ ဆေးဝါးတွေကို သယ်ယူပါတယ်။ ဆိုက်ကားမရှိတဲ့ နေရာမျိုးကျတော့ စက်ဘီးကယ်ရီတွေ ရှိပါတယ်။ ဆရာဝန်တွေနဲ့ လုပ်အားပေး လူငယ်တွေကတော့ လမ်းလျှောက် လိုက်ကြတာပေါ့ဗျာ။ ဆေးကုသမှုမှာ လိုအပ်တဲ့ ဆေးဝါးကိုပါ တစ်ခါတည်း လူနာတွေဆီ ပံ့ပိုးပေးခဲ့ပါတယ်။ တစ်ရက်ကို ပျဉ်းမျှ ဆေးဖိုးက ၃ သိန်းလောက် ကုန်ကျပါတယ်။ မေလ ၂၅ ရက်နေ့မှာတော့ ဒေးဒရဲမြို့က တမာတကော ကျေးရွာကို ဆေးအဖွဲ့သွားရောက်ပြီး လေဘေးသင့် ပြည်သူများကို ဆေးကုသမှု ပေးခဲ့ပါတယ်။ ဆေးကုရင်းနဲ့ အ၀တ်တွေ လိုတဲ့နေရာမှာ အ၀တ်တွေ လှူဒါန်းပေးခဲ့ပါတယ်။ စားစရာ မရှိတဲ့နေရာမှ ဆန်အိတ်တွေ ပေါင်မုန့်တွေ လှူပေးခဲ့ပါတယ်။ ဆေးကုသဖို့ စုရပ်ကို မလာနိုင်တဲ့ လေဖြတ်လူနာတွေ၊ သက်ကြီးရွယ်အို လူနာတွေ ရှိခဲ့ရင်လည်း လူနာတွေရဲ့ အိမ်တွေရှိတဲ့နေရာအထိ လိုက်လံပြီး ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပါတယ်။ ယနေ့အချိန်အထိ လူနာပေါင်း ၃၆၄၂ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ပါတယ်ခင်ဗျာ။




























No comments: